Oct 15, 2020
မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများ စတင်ကျင်းပ နေပြီဟု ဆိုရမည်။ နိုင်ငံရပ်ခြားတိုင်းပြည်များတွင် ပြည်ပရောက် နိုင်ငံသူ၊ နိုင်ငံသားများက မြန်မာနိုင်ငံဆိုင်ရာ သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၏ သတ်မှတ်ထားသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး စည်းကမ်းများနှင့်အညီ ကြိုတင်မဲများ စနစ်တကျပေးနေသည်ကို မြင်တွေ့ နေရသည်။
Oct 15, 2020
သတင်းနှင့် အချက်အလက်။ ယနေ့ခေတ်ကို သတင်းနှင့်အချက်အလက်ခေတ်ဟူ၍ သတ်မှတ် ပြောဆိုကြလေ့ရှိ၏။ လူတို့အတွက် နိုင်ငံရေးအရဖြစ်စေ၊ စီးပွားရေး အရဖြစ်စေ၊ သတင်းနှင့် အချက်အလက်က အရေးပါ၏။ သတင်းနှင့် အချက်အလက် ပြည့်ပြည့်စုံစုံ၊ မှန်မှန်ကန်ကန် မည်မျှလောက်ကို၊ မည်သူရသလဲ ဆိုသည့်ပေါ်မူတည်၍ ရှေ့တန်းသို့ရောက်သည့် ခေတ်ဖြစ်၏။ ထို့ကြောင့် လူတို့သည် သတင်းကို စိတ်ဝင်စားကြ၏။ သတင်းတစ်ခုခုဆိုလျှင် ချက်ချင်း သိလိုကြ၏။ သတင်းနှင့် ဆက်နွယ် နေသော အချက်အလက်များကို မိနစ်မဆိုင်း သိလိုကြ၏။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၄-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
Oct 14, 2020
(၁၃-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၄-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၉,၆၅၆)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၈၈)ဦး တွေ့ရှိရပါသည်။
Oct 14, 2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့တွင် ကြိုတင်ဆန္ဒမဲများ ဆက်လက် ပေးကြရာ မြန်မာသံရုံး ဗန်ကောက်မြို့၌ မဲဆန္ဒရှင် (၅၂၄) ဦး၊ မြန်မာသံရုံး တိုကျိုမြို့၌ မဲဆန္ဒရှင် (၅၇)ဦးနှင့် မြန်မာသံရုံး စင်ကာပူမြို့၌ မဲဆန္ဒရှင် (၁၂၄၃)ဦးတို့ ကြိုတင်ဆန္ဒမဲများ ဆက်လက် ပေးခဲ့ကြောင်း သိရသည်။
Oct 14, 2020
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၀)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၁)တွင် ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Oct 14, 2020
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 14, 2020
(၁၃-၁၀-၂၀၂၀) ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၂၃) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Oct 14, 2020
ပုဗ္ဗသီရိမြို့နယ်၌ အိမ်ရှင်အားသတ်၍ ပစ္စည်းများခိုးယူသွားသည့် တရားခံအား ယနေ့တွင် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Oct 14, 2020
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက Video conferencing စနစ်ဖြင့် ကျင်းပသည်။
Oct 14, 2020
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်အတွင်း မဲစာရင်းကပ်ထားကြေညာထားရှိမှု အခြေအနေနှင့် ရပ်ကွက်တွင်း လမ်းများခင်း ကျင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။