Skip to main content

Oct 16, 2020

ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသုံးစာအုပ်များ အရည်အသွေးပြည့်မီစွာ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးအတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၀) ကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနများမှ တစ်ဆင့် ချိတ်ဆက် ပါဝင် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အပတ်စဉ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် Video conferencing ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၀) ကြိမ်မြောက် ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် Web Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ Video Conferencing System ဖြင့်ပြုလုပ်သည့် (zoom Meeting) လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၀)ကို အောက်တိုဘာ (၁၄)ရက် နံနက်(၁၀)နာရီ က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၁)နာရီခွဲ က တောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေး အေးသာယာစခန်း နှင့် တောင်လေးလုံးလမ်းခွဲ (ခေါင်တိုင်) မြို့ဝင်၊ မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များကို ရေသန့်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ငွေသားကျပ် (၅)သိန်းစီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့်ဇနီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူးသည် အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် (၁၀) နာရီက ဝက်လက်မြို့နယ် ဟန်လင်းမြို့ဟောင်းရှိ ရေပူစမ်းနာနေအဆောင်တွင် ပျူခေတ်ရှေးဟောင်းပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများအား ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ရက်ပေါင်း ၂၃ ရက်သာ လိုပါတော့သည်။  ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေများအရ သက်ဆိုင်ရာက ထုတ်ပြန် သော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နေထိုင်ကြရသဖြင့် မိမိ၏ မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ ပြန်လည်၍ ဆန္ဒမဲပေး နိုင်ခြင်းမရှိသော မဲဆန္ဒနယ်ပြင်ပရောက်  မဲဆန္ဒရှင်များ ရှိနေကြသည်။ ထိုမဲဆန္ဒရှင်များအတွက်  ဆန္ဒမဲပေးနိုင်ခွင့်   မဆုံးရှုံးစေရေးအတွက်    မည်သို့စီမံဆောင်ရွက်ထားပါ သနည်း။  အနှစ်ချုပ်မျှဝေပါရစေ။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2020

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အကယ်ဒမီ ခင်ယုမေနှင့် ရုပ်ရှင်စကားဝိုင်း

=============================

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

အောက်တိုဘာ ၁၅ ရက်မှအဆက်

ဒေါ်ခင်ယုမေ ။ ။ ‘မြွေမြွေချင်းခြေမြင်’က မထွက်ဘူး ထင်တယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ အစ်မ ထွက်တယ် နောက်ဆုံးကား ထွက်တယ်။ နောက်ကျတော့ အစ်မ (၁၉၇၃) ရောက်တဲ့အခါကျတော့ အစ်မက ‘တိမ်ဦး လေပြေ မောင့်ကိုစေ ’ နော် ကိုဝင်းဦးနဲ့။

ဆက်လက်ဖတ်ရှုရန်