Skip to main content

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဒူကထောင်ရပ်ကွက်အတွင်း မဲစာရင်း ကြေညာထားရှိမှု အခြေအနေနှင့် ရပ်ကွက်တွင်း လမ်းများခင်းကျင်းပေးနိုင်ရေး ကွင်းဆင်း စစ်ဆေး

မြစ်ကြီးနား   အောက်တိုဘာ ၁၄

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်အတွင်း မဲစာရင်း ကပ်ထားကြေညာထားရှိမှု အခြေအနေနှင့် ရပ်ကွက်တွင်း လမ်းများခင်း ကျင်းဆောင် ရွက်ပေးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ဒူကထောင်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုတွင် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက် ကြည့်ရှုမှုအခြေအနေ၊ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး ဥပဒေအတိုင်း ကူညီဆောင်ရွက်ရာတွင် လည်းကောင်း၊  မဲရုံများ ပြင်ဆင်ဆောင်ရွက်မည့် အခြေအနေများနှင့်   မဲပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ရာတွင်လည်းကောင်း လိုအပ်ချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ ရပ်ကွက်အတွင်းရှိ နယ်မြေ (၄)ဝန်ပေါင်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး၊ နယ်မြေ(၁၃၊ ၁၄)အတွင်း ကြားလမ်းများ ကတ္တရာ ခင်းကျင်းပေးနိုင်ရေးနှင့် ရေနှုတ်မြောင်းများ စနစ်တကျ ဆောင်ရွက်ပေးနိုင်ရေးနှင့် အပိုင်း(၇)အတွင်း မျိုးစော့မ်လမ်းကို လမ်းတိုးချဲ့ပြီး အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)