တောင်ကြီး အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၁)နာရီခွဲ က တောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေး အေးသာယာစခန်း နှင့် တောင်လေးလုံးလမ်းခွဲ (ခေါင်တိုင်) မြို့ဝင်၊ မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များကို ရေသန့်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ငွေသားကျပ် (၅)သိန်းစီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကလောမြို့ဝင်/ထွက်၊ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်နှင့် ရှမ်းပြည်နယ်သို့အဝင် နမ့်ပန်တက်နယ်ခြားဂိတ်တွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်သို့ သွားရောက်ကာ တာဝန်ကျ ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့များကို ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ ကြက်ဥ၊ ငွေသားကျပ် (၅)သိန်းစီ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)