နေပြည်တော် ဇူလိုင် ၃၀
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ် အသီး သီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်နှင့် ဓမ္မသုခကျောင်းတိုက်၊ ရခိုင်ပြည်နယ်အမ်းမြို့ရှိ စွယ်တော်ဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့ရှိ ပုပ္ပာရုံဘုန်းတော်ကြီးကျောင်းနှင့် သာသနာ့အလင်းရောင်ဘုန်းတော်ကြီးကျောင်း၊ ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ပေါင်းတည်မြို့နယ် သဖန်းချိုကျေးရွာဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်