Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

နေပြည်တော် ဇူလိုင် ၃၀      

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ မဟာဝိဟာရရန်ကင်းတောရကျောင်းတိုက် သို့လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ မဟာဂန္ဓာရုံ တိုက်သစ်ပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ စစ်ကိုင်တိုင်းဒေသကြီး ကသာမြို့နယ်ရှိ မဟာလေးထပ်ကျောင်း တိုက်သို့လည်းကောင်း၊ တနင်္သာ ရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ဇေယျာသိင်္ဂီကမ္မဋ္ဌာန်း ကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်မိုးမိတ်မြို့နယ်ရှိ ရွှေကျောင်း ကျောင်းတိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်ရှိ ဟံသာရုံကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော် များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်