Skip to main content

ဘဏ်များသို့ AML/CFT ဆိုင်ရာ Onsite ကြီးကြပ်စစ်ဆေးရာမှတွေ့ရှိရသည့် အားနည်းချက်များ၊ Feedback Meeting နှင့် လူအများအပြားသေကျေစေသော လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၃၀

ဘဏ်များသို့ AML/CFT ဆိုင်ရာ Onsite ကြီးကြပ်စစ်ဆေးရာမှ တွေ့ရှိရသည့် အားနည်းချက် များ၊ Feedback Meeting နှင့် လူအများအပြား သေကျေစေသော လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး(WMD)ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန် ဘဏ်ခွဲ)၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်များ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေး‌ရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် AML/CFT ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် မဟာဗျူဟာ နယ်ပယ်(၃) အ‌ကောင်အထည်ဖော်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အမှာ စကားပြောကြားသည်။ ယင်းနောက်ဘဏ်များ၏ AML/CFT ဆိုင်ရာ လိုက်နာဆောင်ရွက်မှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Onsite နှင့် Offsite စစ်ဆေးရာတွင် တွေ့ရှိရသည့် အားနည်းချက်များနှင့် ပြင်ဆင်ရန်အချက်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူများကလည်းကောင်း၊ အရည်အသွေး ပြည့်ဝသော သတင်းပေးပို့ချက်များရရှိရေးအတွက် ဘဏ်များ၏သတိပြုဆောင်ရွက်ရမည့် အချက်များအား ငွေကြေးဆိုင်ရာ စုံစမ်း‌ထောက် လှမ်းရေးအဖွဲ့ကလည်းကောင်း၊ လူအများအပြား သေကျေစေသော လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ဘဏ်များလိုက်နာဆောင်ရွက်ရန် အချက်များကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနကလည်းကောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်