Skip to main content

Aug 27, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၆ ရက် ဒေသစံတော်ချိန်နေ့လယ် ၁၂ နာရီ ၅၅ မိနစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်၍ သံရုံး၊ စစ်သံရုံး မိသားစုဝင်များနှင့် သင်တန်းသားများအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၆ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဒေါက်တာဘဒ္ဒန္တအစ္ဆရိယ အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကြကာ ဆရာတော်များထံမှ ဆုံးမဩဝါဒများ နာယူကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

ပြည်သူလူထုထံအသိပေးချက်

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မန်းရေနံမြေရှိ ရေနံမြေဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စွမ်းအင်ကဏ္ဍဆိုင်ရာများ၊ လုံခြုံရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး H.E. Mr. Anutin Charnvirakul ၏ ဖိတ်ကြားချက်အရ ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bangrak Medical Center Building ၌ ကျင်းပသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများဆိုင်ရာ အာဆီယံစင်တာ အတွင်းရေးမှူးရုံး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ မဂ္ဂါဝပ် ၂၀ ရေပေါင်းဆုံ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံ စီမံကိန်း၊ ကျောက်ဆည်မြို့နယ်ရှိ မဂ္ဂါဝပ် ၃၀ ဘဲလင်းနေရောင် ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး စက်ရုံစီမံကိန်းနှင့် ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့်နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသော ၂၀၂၂ ခုနှစ် တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်-တောင်ညို-မြို့သစ်-ကန်ပြား(မကွေး)လမ်းအား လမ်းချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း၊ လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် တံတားများ ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်