Aug 29, 2022
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တက်ရောက်အမှာစကားပြောကြားသည်။
Aug 29, 2022
ကောင်းမွန်သော အဏ္ဏဝါသမုဒ္ဒရာပတ်ဝန်းကျင်ဖြစ်စေရေးနှင့် ရေရှည်တည်တံ့သော ရေသယံဇာတလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သတ်မှတ်ထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း သြဂုတ် ၂၇ ရက်တွင် ရန်ကုန်မြို့ ကြို့ကုန်းရှိ ငါးလုပ်ငန်းအဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံရေထွက် ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆွေးနွေးပြောကြားသည်၊၊
Aug 29, 2022
၂၀၂၂ ခုနှစ် ဝါတွင်းကာလ၌ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့်ဘိုးဘွားရိပ်သာများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့်စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
Aug 29, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Aug 29, 2022
၂၀၂၂ ခုနှစ် ဩဂုတ် ၂၅ ရက်နှင့် ၂၆ ရက်များတွင် တီမောလက်စ်တေနိုင်ငံနှင့် အရှေ့တောင်အာရှမှ ရင်ဆိုင်ကြုံတွေ့နေရသော သတင်းမီဒီယာ အခက်အခဲများ ဖိုရမ်(Media Challenges in Timor-Leste and Southeast Asia)ကို ကျင်းပရာ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် တီမောလက်စ်တေနိုင်ငံများမှ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌများနှင့်အတူ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌကိုယ်စားကောင်စီဝင် ဦးအေးချမ်း တက်ရောက်သည်။
Aug 29, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်သည် ဩဂုတ် ၂၅ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ စာတိုက်၊ အော်တိုအိတ်ချိန်း၊ မိုဘိုင်းစခန်းများကိုထိန်းချုပ်သည့် စက်ခန်းနှင့် SEA-ME-WE-5 ရေအောက်ဖိုင်ဘာကေဘယ်လ်စခန်းများ၏ လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Aug 29, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ဆွေးနွေးပြောကြားသည်။
Aug 29, 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအများစုမှာ ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောပြီး စားရေရိက္ခာပေါများသည့် နိုင်ငံဖြစ်ပေါ်လာစေရန် အဓိကကျသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ချက်နှင့် မူဝါဒများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။