Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး စက်ရုံစီမံကိန်းများနှင့် ရေပေါင်းဆုံပင်မ ဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဩဂုတ် ၂၇   

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ မဂ္ဂါဝပ် ၂၀ ရေပေါင်းဆုံ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံ စီမံကိန်း၊ ကျောက်ဆည်မြို့နယ်ရှိ  မဂ္ဂါဝပ် ၃၀ ဘဲလင်းနေရောင် ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး စက်ရုံစီမံကိန်းနှင့် ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံတို့ကို  သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ်ရှိ မဂ္ဂါဝပ် ၂၀ ရေပေါင်းဆုံ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး စက်ရုံစီမံကိန်း၊ ကျောက်ဆည်မြို့နယ်ရှိ မဂ္ဂါဝပ် ၃၀ ဘဲလင်းနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံစီမံကိန်းနှင့် ရေပေါင်းဆုံ ပင်မဓာတ်အားခွဲရုံတို့သို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင်  နေရောင်ခြည်စွမ်းအင် အရင်း အမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့် နေရာင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများကို အကောင်အထည်ဖော် တည်ဆောက်သွားရမည် ဖြစ်ပါကြောင်း၊ ဆိုလာစီမံ ကိန်းများတွင် Tracking System တပ်ဆင်ထားခြင်းကြောင့်  လျှပ်စစ်ဓာတ်အားပိုမိုထုတ် လုပ်နိုင်သည်ကို တွေ့ရှိရသဖြင့် ဆိုလာ Tracking System နည်းပညာကို အသုံးပြုတည် ဆောက်သွား ရန်လို အပ်ပါကြောင်း၊ ကုမ္ပဏီအသီးသီးမှ စီမံကိန်း မြေနေရာများနှင့်ပတ်သက်၍ သက်ဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းနေမှုကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း၊ ပြည်သူများ လိုအပ်နေသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေခြင်း ဖြစ်သည့်အတွက် လက်ရှိတည်ဆောက်လျက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံ စီမံကိန်းများကို သတ်မှတ်အချိန်အတွင်း အချိန်မီ ပြီးစီးအောင် အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့်  လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးစက်ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ ပြည်သူများလျှပ်စစ် ဓာတ်အားအမြန်ဆုံး ရရှိသုံးစွဲနိုင်ရေးအတွက် ဆောလျှင်စွာပြီးစီးရေးကို အားသွန်ခွန်စိုက် တွန်းအားပေးဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ထုတ်လုပ်ရေးစက်ရုံစီမံကိန်းများ၏ လုပ်ငန်းခွင်များအတွင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေပေါင်းဆုံဓာတ်အားခွဲရုံအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်