Aug 28, 2020
ဝေဒနာရှင်တစ်ဦးအား ဖြူစင်သည့်မေတ္တာ၊ စေတနာဖြင့် အထူးဂရုစိုက် ပြုစုပေးပါက ရောဂါဝေဒနာ ပိုမိုသက်သာလာသလို ခံစားကြရပါသည်။ ယနေ့ အချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များ အပေါ်တွင် မေတ္တာ၊ စေတနာ၊ ကရုဏာ စသည့်မွန်မြတ်သောစိတ်ဆန္ဒများ ထက်သန်ကြီးမားစွာဖြင့် အထူးဂရုစိုက် ပြုစုစောင့်ရှောက်ပေးနေကြသည်ကို မြင်တွေ့နေရပါသည်။ ထို့ကြောင့် ရောဂါ ဝေဒနာသည်များ ဆောလျင်စွာ ပျောက်ကင်း ချမ်းသာလိမ့်မည်ဟု ယုံကြည်ပါသည်။
Aug 28, 2020
“ကမ္ဘာ့ရာသီဥတု ဖောက်ပြန်လာမှု” ဟုဆိုလျှင် သီးသန့်ဘာသာ ရပ်တစ်ခု သို့မဟုတ် မိမိတို့နှင့် လွန်စွာအလှမ်းဝေးလှသည့် အကြောင်းအရာတစ်ရပ်ဟူ၍ လူတိုင်းက တွေးထင်တတ်ကြသည်။ သို့ရာတွင် ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်များကို လူတိုင်းခံစားနေကြရခြင်းဖြစ်ပြီး ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု၏ အဓိကလက်သည်မှာ လူသားများပင်ဖြစ်သလို ကမ္ဘာ့ရာသီ ဥတုဖောက်ပြန်မှုများကို တားဆီးရန်အတွက်မှာလည်း လူတိုင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်လျက် ရှိသည်။
Aug 27, 2020
ရခိုင်ပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်၌ မိမိဆန္ဒ အလျောက် စေတနာ့ဝန်ထမ်းအဖြစ် ရခိုင်ပြည်နယ်တွင် အချိန်ကာလတစ်လခန့်အကြာ တာဝန်ထမ်းဆောင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ စေတနာ့ဝန်ထမ်း အမျိုးသား (၁၈)ဦးနှင့် အမျိုးသမီး(၇)ဦး စုစုပေါင်း(၂၅)ဦးတို့သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာ့လေကြောင်းလိုင်းဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ထွက်ခွာ သွားကြသည်။
Aug 27, 2020
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 27, 2020
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum-SEANF) ၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ဩဂုတ် ၂၅ ရက်မှ ၂၇ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့သည်။
Aug 27, 2020
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစီမံချက် အတည်ပြုရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Aug 27, 2020
နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များ မိတ်ဆက်ဖြန့်ချိပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Aug 27, 2020
၁။ (၂၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 27, 2020
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်သည် ဩဂုတ် ၂၆ ရက်မှ ၂၇ ရက်အထိ Video Conferencing ဖြင့် ကျင်းပသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC- Association of Asian Constitutional Courts and Equivalent Institutions) ၏ စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ တက်ရောက်သည်။ ဥက္ကဋ္ဌနှင့်အတူ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးမြင့်ဝင်းလည်း ပါဝင်တက်ရောက်ခဲ့သည်။
Aug 27, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့ မွန်းလွဲ(၂)နာရီအချိန်က မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်းသိရသည်။
Aug 27, 2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ဂွန်း(ဖဲကတာ)ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၃၂)နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ် (၈၃) ဦးအား တတိယအကြိမ်နှင့်စတုတ္ထအကြိမ်ထောက်ပံ့ငွေများ၊ ရေဝင်ရောက်အိမ်ထောင်စု (၄၂၀) စုအတွက် ဆန်နှင့်စားရိက္ခာများကို ကရင်ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်၀န်ကြီးများသည် သြဂုတ်လ (၂၆)ရက်နေ့၊ မွန်လွဲပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Aug 27, 2020
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြည့်စွက်ခွင့်ပြုငွေ (ဒေသဖွံ့ဖြိုးရေးရံပုံငွေ) ဖြင့် ဝယ်ယူထားသော စက်ယန္တရားများကို မြို့နယ်/ မြို့စည်ပင်သာယာရေး ကော်မတီများနှင့် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
Aug 27, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတက္ကသိုလ်၊ ပညာရိပ်သာအဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန် က အဆိုပါနေရာ၌ ကျင်းပသည်။
Aug 27, 2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်း (၆) ခုဖွင့်လှစ်ထားရာ ယမန်နေ့ နံနက် (၇) နာရီအချိန်က ရွှေယဉ်မျှော်စခန်းရှိ ရေဘေးသင့်မိသားစုဝင်များအား ကရင်ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်၀န်ကြီးများက နံနက်စာအဖြစ် အဟာရပြည့်ဆန်ပြုတ်များသွားရောက်ကျွေးမွေးခဲ့ကြောင်း သိရသည်။
Aug 27, 2020
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၄/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။ အစည်းအဝေးသို့
Aug 27, 2020
သံလွင်မြစ်ရေမြှင့်တက်လာမှုကြောင့် ဘားအံမြို့ မြေပိုင်းရပ်ကွက်အချို့ရှိ လူနေအိမ်များတွင် မြစ်ရေဝင်ရောက်ပြီး ဆက်လက်နေထိုင်၍မရတော့သည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း (၆) ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေထိုင်စေခဲ့ရာ ယနေ့နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၅)ရပ်ကွက် Cyclone Shelter ရှိ ရေဘေးရှောင်အိမ်ထောင်စုများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများက အာဟာရဖြည့်စွက်နံနက်စာ ကြာဇံဟင်းခါး သွားရောက်ကျွေးမွေးခဲ့သည်။
Aug 27, 2020
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကူညီ ဆောင်ရွက်နိုင်ရန် တပ်မတော်ဆေးအဖွဲ့များ၊ ဆေးအထောက်အကူပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အသုံး အဆောင်ပစ္စည်းများကို ရန်ကုန်လေဆိပ်မှတစ်ဆင့် တပ်မတော် လေယာဉ်ဖြင့် စစ်တွေမြို့သို့ ဒုတိယ အကြိမ် ပို့ဆောင်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Aug 27, 2020
ကုလသမဂ္ဂ ထူထောင်သည့် (၇၅) နှစ် ပြည့် အထိမ်းအမှတ်အဖြစ် UN 75 Initiative အစီအစဉ်တွင် ပါဝင် ဆောင်ရွက်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီး ဌာန/ အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် လူငယ်အဖွဲ့ အစည်းများပါဝင်သော အစိုးရနှင့် ပြည်သူများ အကြား ယုံကြည်မှုတည် ဆောက်ရေး အွန်လိုင်းစကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ကော်မရှင်ရုံး၌ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည်။
မြန်မာမိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်
Aug 27, 2020
မြန်မာမိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ချဲ့ကြောင်း သိရသည်။
Aug 27, 2020
အမေရိကန်သံရုံးမှ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ Distance Learning Capacity အတွက် အထောက် အကူပြုပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
