Dec 10, 2020
ပညာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ၂၁ ရာစု မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးကဏ္ဍ၏ အခွင့်အလမ်းသစ် များနှင့် စိန်ခေါ်မှုသစ်များ (New Challenges and Opportunities for Higher Education in Myanmar in the 21st Century) ခေါင်းစဉ်ဖြင့် ညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့ ညနေ ၅ နာရီခွဲတွင် Online စနစ်ဖြင့် ကျင်းပ သည်။
Dec 10, 2020
အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၁၆) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲတွင် Virtual Format ဖြင့် ကျင်းပသည်။
Dec 10, 2020
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်တည်ထောင်ခဲ့သော ရန်ကုန် တက္ကသိုလ်ကြီးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အနှစ်တစ်ရာတင်းတင်း ပြည့်ခဲ့လေပြီ။
Dec 10, 2020
အခုတလော ရုပ်ရှင်ဇာတ်ကားများ ဖန်တီးရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး ဆင်ဆာစနစ်နဲ့ စိစစ်ပေးမှုအစား အသက်အပိုင်းအခြားအလိုက် ဇာတ်ကားအဆင့် သတ်မှတ်မှုစနစ် (Rating System) ကို ပြောင်းလဲဆောင်ရွက်လိုကြောင်း ပြောဆိုရေးသားမှုတွေရှိနေတာကို တွေ့နေရပါတယ်။
Dec 10, 2020
ကျွန်မ ဆယ်တန်းအောင်တော့ မြန်မာစာအထူးပြုဖြင့် စစ်တွေတက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။ အဲဒီတုန်းက စစ်တွေတက္ကသိုလ်က အခုလို အဆောက်အအုံတွေ၊ ဘွဲ့နှင်းသဘင်ခန်းမတွေ၊ သစ်ပင်ပန်းမန်တွေ မရှိသေးပါ။ တက္ကသိုလ်အငွေ့အသက်ကို စပြီးသွင်းနေတဲ့အချိန်လို့ပြောရပါမယ်။
Dec 10, 2020
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၇၃ ဦးအား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Dec 10, 2020
မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အသွင်ပြောင်းမှုတွင် အိုင်စီတီ (ICT) အခန်းကဏ္ဍ၏ အရေးပါမှုနှင့် လက်ရှိမြန်မာနိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်းအခြေအနေ၊ လူ့စွမ်းအား အရင်းအမြစ် အခြေအနေများနှင့်ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Dec 10, 2020
လက်ရှိကာလ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၆၈ သန်းကျော်နှင့် သေဆုံးသူ တစ်သန်းခွဲကျော် ရှိသည်။ မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်သိန်းကျော်နှင့် သေဆုံးသူ နှစ်ထောင်ကျော် ရှိသည်။ မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံး ရောဂါဖြစ်ပွားနှုန်းမှာ ကျဆင်းသွားခြင်းမရှိသေးဘဲ ဆက်လက်စံချိန်တင်ထားဆဲ ဖြစ်သည်။
Dec 10, 2020
နာမည်ကျော် အဆိုတော်ကြီးတစ်ဦးက မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်ထက်က ဖျော်ဖြေပွဲတစ်ခုတွင် ကိုဗစ်နှင့် ပတ်သက်သည့် အခြေခံကာကွယ်ရေးတို့ကို ရှင်းပြရင်း အမှိုက်များကို မီးမရှို့ဖို့ကို ထည့်သွင်း ပြောဆိုသွားခဲ့သည်။ အများပြည်သူနေထိုင်ရာ ရပ်ကွက်များတွင် အမှိုက်မီးရှို့ကြခြင်းဖြင့် လေကောင်း လေသန့်မရ၊ မီးခိုးငွေ့နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ကိုရှူရ စသည့် အန္တရာယ်တို့ကား ဆိုးရွားလှပါသည်။ ယခုလို ကိုဗစ်ရောဂါနှင့် ရင်ဆိုင်နေရသည့်အချိန်က ပိုမိုဆိုးရွား ဒုက္ခဖြစ်စေသည်ကို နားလည်ကြဖို့ လိုပါသည်။ ကိုဗစ်-၁၉ ရောဂါ၏ အဓိကအကျ ဆုံးသော ပြဿနာမှာ ဗိုင်းရပ်စ်ရောဂါပိုးက အသက်ရှူ လမ်းကြောင်းတစ်လျှောက်ကို အန္တရာယ်ပေးခြင်း ဖြစ်ပါသည်။
Dec 09, 2020
(၈-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀,၈၂၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၄၂၇) ဦး တွေ့ရှိရပါသည်။
Dec 09, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၈ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Dec 09, 2020
ဦးကျော်ငြိမ်း (မြန်မာသမိုင်း အဖွဲ့ဝင်) ပြုစုရေးသားသည့် ပင်လုံညီလာခံနှင့် ပင်လုံသဘောတူညီ ချက် လက်မှတ်ရေးထိုးသူ ၂၃ ဦး၏ အတ္ထုပ္ပတ္တိစာအုပ်ကို Bagan Princess Publications မှ တန်ဖိုး ငွေကျပ် ၅၀၀ဝ ဖြင့် ထုတ်ဝေလိုက် ကြောင်း သိရသည်။
Dec 09, 2020
ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံမှု ၁၀ဝ ရာခိုင်နှုန်း မရသေးမီ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး နည်းလမ်းများကို ပိုမိုလိုက်နာရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။
Dec 09, 2020
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးစင်တာ (ဖောင်ကြီး) ၌ ဆောင်ရွက်နေသော ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် အသုံးပြု ရန်အတွက် အလှူငွေနှင့် စည်သွတ်ဘူး မျိုးစုံတို့ကို ယနေ့နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်း ကြသည်။
Dec 09, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား ဆိုးလ်မြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ ၇၃ ဦး၊ ဆွစ်ဇာလန်မှ နှစ်ဦး၊ အင်ဒိုနီးရှားမှ လေးဦး၊ တောင်အာဖရိကမှ တစ်ဦး၊ ဘယ်လ်ဂျီယံမှ နှစ်ဦး၊ ကာတာမှ ငါးဦး၊ ကနေဒါမှ တစ်ဦး၊ အမေရိကန်ပြည်ထောင်စုမှ ငါးဦး မြန်မာနိုင်ငံသား စုစုပေါင်း ၉၃ ဦး လိုက်ပါခဲ့ကြသည်။
Dec 09, 2020
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ခရစ်နှစ် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ ဤနေ့သည် ဗြိတိသျှနယ်ချဲ့တို့ပြဌာန်းသည့် ယူနီဗာစီတီအက်ဥပဒေကို လက်မခံဘဲ ဆန့်ကျင်တွန်းလှန်ခဲ့သောနေ့ဖြစ်သည်။ အမျိုးသားပညာရေးကို ဖော်ထုတ်ပြီး အမျိုးသားကျောင်းများ ထွန်းပေါက်လာသောနေ့ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် ပြည်သူတစ်ရပ်လုံး အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်နိုးကြားလာခဲ့သည့် အောင်ပွဲနေ့ ဖြစ်သည်။
Dec 09, 2020
တိုင်းပြည်တစ်ခု ကမ္ဘာ့အလယ်တွင် ဝင့်ဝင့်ကြွားကြွား ရပ်တည်နိုင်ဖို့ဆိုသည်မှာ အရည်အချင်း ပြည့်ဝသော ကိုယ်ကျင့်ကောင်းသော အားကောင်းမောင်းသန်မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍက အရေးအကြီးဆုံးဖြစ်သည်ဟု အခိုင်အမာယုံကြည် ပါသည်။
Dec 08, 2020
သန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေဆုံးရှုံးမှုများကို အထောက်အကူ ပြုစေရန် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)နှင့် Korea Disabled People’s Development Institute (KODI) တို့၏ သဘောတူပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Dec 08, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များကို ယမန်နေ့ ညနေပိုင်းက Videoconferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံပြီး ရန်ကုန် တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများ တိကျစွာ လိုက်နာဆောင်ရွက်ရေး ကြီးကြပ်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးသည်။
Dec 08, 2020
ဂျပန်နိုင်ငံအစိုးရ၏ တရားဝင်ဖွံ့ဖြိုးမှုအစီအစဉ် (Official Development Assistance, ODA) အရ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် ပူးပေါင်းကာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းတို့တွင် ပြေးဆွဲအသုံး ပြုရန်လျာထားသည့် ရထားတွဲအသစ် ၂၄၆ တွဲကို မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆက်တိုက် ပေးပို့သွားရန် စီစဉ်ထားကြောင်း မစ်ဆူဘီရှိကော်ပိုရေးရှင်း (Mitsubishi Corporation) ၏ ယနေ့ ထုတ်ပြန် ချက်အရသိရသည်။
