Skip to main content

ကိုဗစ်-၁၉ ကုသရေးစင်တာ(ဖောင်ကြီး)သို့ အလှူရှင်များက အလှူငွေနှင့် စည်သွတ်ဘူးမျိုးစုံ လှူဒါန်း

နေပြည်တော် ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးစင်တာ (ဖောင်ကြီး) ၌ ဆောင်ရွက်နေသော ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေနှင့် စည်သွတ်ဘူး မျိုးစုံတို့ကို ယနေ့နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာတွင် ပါရမီဖြည့်ဖက်ညီအစ်မများ(နေပြည်တော်)ကိုယ်စား ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၏ဇနီး ဒေါက်တာပြုံးမိုအိ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၏ဇနီး ဒေါက်တာခင်သီတာ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက် လွင်၏ ဇနီး ဒေါ်ကျင်သန်းတို့က ငွေကျပ် ၂၁ သိန်း၊ ရွှေဟင်္သာရိပ်မွန် ကုမ္ပဏီလီမိတက်က ငွေကျပ် ခုနစ် သိန်းတန်ဖိုးရှိ အဖွားလက်ရာ စည်သွတ်ဘူးမျိုးစုံ ၄၈၀ နှင့် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဦးမျိုးဇော် ထွန်း မိသားစုက Save Our Heroes T-Shirt အထည် ၅၀ တို့ကို ပေးအပ် လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်နှင့် တာဝန်ရှိသူများက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် အလှူရှင်များကိုယ်စား ပါရမီဖြည့်ဖက်ညီအစ်မ များ (နေပြည်တော်) မှ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုး ဝင်း၏ဇနီး ဒေါက်တာပြုံးမိုအိက လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်း ပြောကြားပြီး ကိုဗစ်-၁၉ ကုသရေးစင်တာ(ဖောင်ကြီး)မှ ဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုနိုင်က ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။

ထက်လျှံ