Skip to main content

ပင်လုံညီလာခံနှင့် ပင်လုံသဘောတူညီချက် လက်မှတ်ရေးထိုးသူ ၂၃ ဦး၏ အတ္ထုပ္ပတ္တိ စာအုပ်ထုတ်ဝေ

နေပြည်တော် ဒီဇင်ဘာ ၈

ဦးကျော်ငြိမ်း (မြန်မာသမိုင်း အဖွဲ့ဝင်) ပြုစုရေးသားသည့် ပင်လုံညီလာခံနှင့် ပင်လုံသဘောတူညီ ချက် လက်မှတ်ရေးထိုးသူ ၂၃ ဦး၏ အတ္ထုပ္ပတ္တိစာအုပ်ကို Bagan Princess Publications မှ တန်ဖိုး ငွေကျပ် ၅၀၀ဝ ဖြင့် ထုတ်ဝေလိုက် ကြောင်းသိရသည်။

အဆိုပါစာအုပ်တွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ မော်ကွန်းဝင် ညီလာခံဖြစ်သည့် ပင်လုံညီလာခံ၏ သမိုင်းကြောင်း သာမက ပင်လုံသဘောတူညီ ချက် လက်မှတ်ရေးထိုး ခဲ့ကြသည့် ပြည်ထောင်စု မြန်မာနိုင်ငံမှ ဗိသုကာ ၂၃ ဦး၏ အတ္ထုပ္ပတ္တိနှင့် စပ်လျဉ်း၍ ယခင်က ပြီးပြည့်စုံစွာ စုစည်းရေးသားထားခြင်း မရှိသေး သည်ကို ယခုစာအုပ်တွင် သမိုင်း ကြောင်း မှန်ကန်၍ ပြီးပြည့်စုံစွာ ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။

သတင်းစဉ်