Skip to main content

Feb 08, 2020

နေပြည်တော်  ဖေဖော်ဝါရီ ၈ 

မြန်မာနိုင်ငံတွင် ကုမ္ပဏီအဖွဲ့အစည်းများက ထုတ်ဝေသော ကော်ပိုရိတ်ငွေချေး စာချုပ်ဈေးကွက်အစပျိုး ဖြစ်ပေါ်လာစေရန်အတွက် မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် IFC တို့အကြား နည်းပညာအကူအညီပေးရန် ကမ်းလှမ်းသည့် စာလွှာ (Advisory Engagement Letter) အား လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

နေပြည်တော်  ဖေဖော်ဝါရီ ၈ 

မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် “စတုတ္ထအကြိမ် တွေ့ဆုံညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ငွေချေးသက်သေခံလက်မှတ်   လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

နေပြည်တော်   ဖေဖော်ဝါရီ  ၈

ကရင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်တွင်း နေရပ်စွန့်ခွာသူများ၏စခန်းများကို ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ပိတ်သိမ်းဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ်၊ စုံနံ့သာမြိုင်ဆွေမြို့တော်၊ မြိုင်ကြီးငူ အထူးဒေသသို့ ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောအဖွဲ့က ကွင်းဆင်း ကြည့်ရှု ညှိနှိုင်းခြင်းများ ကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

ရန်ကုန် ဖေဖော်ဝါရီ ၈

(၆) ကြိမ်မြောက် မြန်မာနိုင်ငံအစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ အပြည်ပြည် ဆိုင်ရာ ဆေးပညာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် Wyndham Grand Yangon Hotel ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

ရန်ကုန် ဖေဖော်ဝါရီ ၈

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ပြည်ထောင်စုဝန်ကြီး ဧည့်ရိပ်သာခန်းမ၌  ကျင်းပခဲ့သည့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၂/၂၀၂၀) သို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

နေပြည်တော်  ဖေဖော်ဝါရီ ၈ 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသ ကြီးရှိ ပဲခူးမြစ်ကူးတံတား အမှတ်(၃)တည်ဆာက်ရေး စီမံကိန်းကို ကြည့်ရှုစစ်ဆေးသည်။

ထို့သို့ကြည့်ရှုစစ်ဆေးစဉ် တံတားရှင်းလင်းဆောင်၌ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

ပန်းတောင်း  ဖေဖော်ဝါရီ  ၈

ယနေ့ နံနက်(၉) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ရွာသစ်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွဋ်တင်မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

လွိုင်ကော်    ဖေဖော်ဝါရီ    ၈

လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာ၊ ဖဲဘူးဆို(ခေါ်) နတ်တောင်တော် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့အေးချမ်းရေး သဘာဝကျောက်သား ဓာတ်ပေါင်းစုလာဘမုနိ ဆုတောင်းပြည့် ရုပ်ရှင်တော်မြတ် ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်းအနားနှင့် အောင်ဝိဇ္ဇာညီနောင် ဆုတောင်းပြည့် ငြိမ်းချမ်းရေး ပြယုဂ် ကျောက်ဆင်တော်နှင့် ကျိုက်ခြေထောက် သဘာဝကျောက် စေတီတော် ဓမ္မာရုံအလှူဒါန အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်က ဒေါကလိုးခူကျေးရွာ၊ ဖဲဘူးဆို(ခေါ်)နတ်တောင် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

ရန်ကုန်   ဖေဖော်ဝါရီ  ၈

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူပေါင်းဆောင်ရွက်မှုဖြင့် လူထုအခြေပြု ဗဟိုဌာန (Community Centre)(ဗဟန်း)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဗဟန်းမြိုနယ်၊ အရှေ့ ရွှေဂုံတိုင် လမ်းရှိ လူထုအခြေပြု ဗဟိုဌာန(ဗဟန်း)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

နတ်တလင်း   ဖေဖော်ဝါရီ   ၈

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်မှ ဌာနဆိုင်ရာများ၊ တောင်ညိုမြို့သစ်မှ ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲက တောင်ညိုမြို့သစ် မျော်တော်တောင်ဘုရားဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင်  ဝန်ကြီးချုပ်က ယနေ့လာရောက်ခြင်းသည် ပြည်သူတို့၏ လိုအပ်ချက်တင်ပြမှုများကို လာရောက်ဖြေရှင်းပေးရန် လာခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး ဖြေရှင်းရာတွင် မတူကွဲပြားသည့်အရာများကို ပေါင်းစည်းဆောင်ရွက်ခြင်းဖြင့် အဖြေရှာကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

ရန်ကုန်  ဖေဖော်ဝါရီ  ၇


မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ကယားပြည်နယ်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။

ပွဲတော် နောက်ဆုံးညဖြစ်သည့် ယနေ့ညတွင် အင်ပါယာတီးဝိုင်းနှင့် အတူ Runner, The Key , K blood တီးဝိုင်းတို့ ပါဝင်ပြီး နိုင်ငံကျော် တေးသံရှင်များ ဖြစ်ကြသည့် ဇော်ဝင်းထွဋ်၊ ဝေလ၊ သာဒီးလူ၊ အောင်ထက်၊ နီနီခင်ဇော်နှင့် ချမ်းချမ်း တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

မုံရွာ  ဖေဖော်ဝါရီ  ၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီက ကလေးခရိုင်၊ မင်းကင်းမြို့နယ် လက်ပံဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သော ကျောင်းဆောင်သစ် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

ရန်ကုန်   ဖေဖော်ဝါရီ   ၇

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကယားပြည်နယ် အစိုးရအဖွဲ့တို့၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ဦးဆောင်ကျင်းပ သော “သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀)” ပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက် အထိ ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစား ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2020

မြစ်ကြီးနား     ဖေဖော်ဝါရီ  ၈

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်နေ ပြည်သူလူထုများနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်အတွင်းရှိ ဗက်လင်ဘုရားရှိခိုးကျောင်း၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

“တိုင်းရင်းသားပြည်သူများအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ ဘက်လိုက်မှုကင်းပြီး ဥပဒေနှင့်အညီ တရားမျှတသော စီမံဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုမျိုး ကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းမှာ ဒီမိုကရေစီ၏ အခြေခံအခွင့် အရေးဖြစ်ပါကြောင်း” ဖေဖော်ဝါရီလ ၇ ရက်နေ့ကတောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၇

အိန္ဒိယသမ္မတနိုင်ငံ၌ ရောက်ရှိနေသော ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat တို့သည် ယမန်နေ့နံနက်ပိုင်းတွင် (၁၁)ကြိမ်မြောက် ကာကွယ်ရေးပစ္စည်းများ ပြပွဲ (DefExpo India-2020) ကျင်းပသည့် ဧရိယာရှိ အိန္ဒိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ယာယီဧည့်ခန်းဆောင်၌ တွေ့ဆုံကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

လွိုင်ကော်   ဖေဖော်ဝါရီ   ၈

မြန်မာ့တို့၏ (၁၂) လရာသီပွဲတော်များအနက် တစ်ခုဖြစ်သည့် တပို့တွဲလရာသီ မြန်မာ့ရိုးရာ ထမနဲထိုးပွဲတော်အား  ယမန်နေ့ ညနေ ၃ နာရီက လွိုင်ကော်မြို့၊ သီရိမင်္ဂလာတောင်တော်၊ တောင်ကွဲစေတီတော်မြတ် ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈ - ၂၀၃၀) မကြာမီက ပေါ်ထွက်လာသည်။ ယင်းမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၁၉ ခု၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်သူ/ပုဂ္ဂလိက ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အဓိကပါဝင် ပတ်သက်သူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အကြံပေးပုဂ္ဂိုလ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ အားသွန်ခွန်စိုက် ပူးပေါင်းကြိုးပမ်းကာ ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

(၇-၂-၂၀၂၀ ရက်နေ့၊ ည (၇:၄၅) နာရီ)

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံ များနှင့်ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2020

နေပြည်တော် ဖေဖော်ဝါရီ ၇

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည့် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၀) သို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်