Feb 07, 2020
နေပြည်တော် ဖေဖော်ဝါရီ ၇
မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ ၁/၂၀၂၀ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Feb 07, 2020
နေပြည်တော် ဖေဖော်ဝါရီ ၇
နေပြည်တော်၌ ကျင်းပမည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုဖျော်ဖြေပွဲတွင် ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင် ဆက်ကြမည့် တိုင်းဒေကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့တွင် နေပြည်တော်ရှိ အထင်ကရ နေရာများသို့ သွားရောက်လေ့လာကြသည်။
တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့ နံနက်ပိုင်းတွင် လွှတ်တော် အဆောက်အအုံ၊ Junction Center နှင့် ကျောက်မျက်ရတနာပြတိုက်တို့သို့ အဖွဲ့နှစ်ဖွဲ့ခွဲကာ သွားရောက်လေ့လာကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။
Feb 07, 2020
နေပြည်တော် ဖေဖော်ဝါရီ ၇
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး မစ္စတာဖရန့်ဆွာလက်ဖရက်နီးရဲခ်အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 07, 2020
(၇-၂-၂၀၂၀ ရက်နေ့၊ ညနေ (၆:၄၀) နာရီ)
(က) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019-nCoV acute respiratory disease ရောဂါ သံသယနှင့် စောင့်ကြည့်လူနာများထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့၍ အတည်ပြုစစ်ဆေးခဲ့ရာ ယနေ့ ညနေပိုင်းတွင် အောက်ပါ လူနာ (၂) ဦး၏ ဓာတ်ခွဲအဖြေများကို ရရှိခဲ့ပါသည် -
Feb 07, 2020
(၇-၂-၂၀၂၀ ရက်နေ့၊ ညနေ(၄:၀၀) နာရီ)
Feb 07, 2020
နေပြည်တော် ဖေဖော်ဝါရီ ၇
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 07, 2020
နေပြည်တော် ဖေဖော်ဝါရီ ၇
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Feb 07, 2020
သီပေါ ဖေဖော်ဝါရီ ၇
(၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါ မြို့နယ် မြို့တော်ခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များက ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံနှင့်ရှမ်းအလံတို့အား အလေးပြုခဲ့ကြပြီး ရှမ်းပြည်နယ်နေ့ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ သဘာပတိ ဦးစိုင်းသာလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
Feb 07, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၇
လွိုင်ကော် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် များအား ပထမ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 07, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၇
ကယားပြည်နယ်၏ ၂၀၁၉ − ၂၀၂၀ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်ကုန်အထိ အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး(GDP)နှင့် ၂၀၂၀ − ၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံရန် အဆိုပြုလျာထားချက် ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၀) ဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 07, 2020
စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
Feb 07, 2020
ဘားအံ ဖေဖော်ဝါရီ ၇
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E Mr.Dan Chuggg နှင့်အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ဘားအံမြို့၊ ပြည်ထောင်စုဧည့်ရိပ်သာ ပဒိုဒေးဗစ်တောခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
Feb 07, 2020
ထားဝယ် ဖေဖော်ဝါရီ ၇
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြု စီမံကိန်းကို တိုင်းဒေသကြီးအတွင်းရှိမြို့နယ်(၁)မြို့နယ်တွင် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရ ယူခြင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ ဟိုတယ် ထားဝယ်၌ကျင်းပခဲ့သည်။
Feb 07, 2020
ဖားဆောင်း ဖေဖော်ဝါရီ ၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့၊ မြို့အဝင် မြောက်ပိုင်းရပ်ကွက်၌ တည်ထားကိုးကွယ်လျက်ရှိသော ရတနာဈာန်အောင် စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲအချိန် ဖားဆောင်းမြို့၊ ရတနာဈာန်အောင် စေတီတော် ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်သည်။
Feb 07, 2020
နေပြည်တော် ဖေဖော်ဝါရီ ၆
နေပြည်တော်၌ ကျင်းပမည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုဖျော်ဖြေပွဲတွင် ရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များသည် ယနေ့တွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။
အဖွဲ့နှစ်ဖွဲ့ခွဲ၍ လေ့လာ
Feb 07, 2020
ရန်ကုန် ဖေဖော်ဝါရီ ၆
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ စာရေးဆရာ အသင်းက ကြီးမှူး၍ သုတဘဏ်စာတမ်းဖတ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ချိုချိုတင် (မစန္ဒာ)က အဖွင့်အမှာစကား ပြောကြားပြီး အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က စာတမ်းရှင်များနှင့် မိတ်ဆက်ပေးသည်။
Feb 07, 2020
နေပြည်တော် ဖေဖော်ဝါရီ ၆
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်ခြင်း ဖွင့်ပွဲ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)ရှိ လောကနတ် အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းမှ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Feb 07, 2020
ရန်ကုန် ဖေဖော်ဝါရီ ၆