နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးသို့ သွားရောက်စစ်ဆေးခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မောင်ဌေး က ဆေးရုံအစည်းအဝေးခန်းမတွင် ဇမ္ဗူသီရိအထူးကုဆေးရုံ၏ ဖွဲ့စည်းပုံ၊ ဆေးရုံ အဆောက်အဦဖွဲ့စည်းတည်ဆောက်ပုံ၊ နေပြည်တော်နှင့် နေပြည်တော်အနီး တစ်ဝိုက်ရှိ အများပြည်သူများသို့ သင့်တင့်သောဆေးကုသစရိတ်ကျခံ၍ ခေတ်မီစက်ပစ္စည်း ကိရိယာ များဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးနိုင်မှုများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်အဖွဲ့သည် ဆေးရုံအတွင်း ပြင်ပ လူနာဌာန၊ အထူးကုသဆောင်များ၊ ရောဂါရှာဖွေရေးစက်ကိရိယာဆောင်များ၊ ခွဲစိတ် ဆောင်များနှင့် ဓါတ်ခွဲခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အထူးကုဆရာဝန်ကြီးများက ရှင်းလင်းတင်ပြခဲ့ကြပြီး မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)