Skip to main content

သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားဖော်ပြခြင်း မပြုသည့် သတင်းစာ/ဂျာနယ်များအား အသိပေးဆောင်ရွက်လျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၆ သတင်းများရေးသား ထုတ်လွှင့်ဖော်ပြရာတွင် တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရန်နှင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်း အစိုးရဟု လည်းကောင်း၊ အာဏာသိမ်းစစ်ကောင်စီဟု လည်းကောင်း မမှန်မကန် သုံးနှုန်းဖော်ပြခြင်းများ မပြုလုပ်ကြပါရန် ပြန်ကြားရေး ဝန်ကြီးဌာန က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မီဒီယာအဖွဲ့ အစည်းများ၊ ထုတ်ဝေနေသော သတင်းစာ/ဂျာနယ်များသို့ အကြောင်းကြားစာ (၃)ကြိမ် ပေးပို့၍ မေတ္တာရပ်ခံ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အချို့သောသတင်းမီဒီယာများနှင့် သတင်းအဖွဲ့ အစည်းများသည် အာဏာသိမ်း စစ်အစိုးရ၊ အာဏာသိမ်းစစ်ကောင်စီ စသည့် အသုံးအနှုန်းများကို ဆက်လက်ရေးသား ဖော်ပြနေခြင်း၊ လူထုဆူပူအုံကြွမှု ဖြစ်စေရန် ရည်ရွယ်၍ သတင်းမီဒီယာကျင့်ဝတ်နှင့် သွေဖည်ကာ ရေးသားဖော်ပြခြင်းတို့ကို ဆက်လက် လုပ်ဆောင်ဖော်ပြနေကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍ အဆိုပါ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားဖော်ပြခြင်းမပြုသည့် သတင်းစာ၊ ဂျာနယ် များအား သတင်းမီဒီယာဥပဒေ အခန်း(၄) ပုဒ်မ(၉)ပါ ပြဋ္ဌာန်းချက်များ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ အခန်း(၄) ပုဒ်မ(၈)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးသားဖော်ပြ ပေးနိုင်ရေးအတွက် လိုအပ်သလို ကြီးကြပ်ဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီသို့ ၂၄-၂-၂၀၂၁ ရက်နေ့တွင် ထပ်မံမေတ္တာရပ်ခံ အသိပေးအကြောင်းကြား ထားကြောင်းနှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်