Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် ၁။ ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ၏ ဆန္ဒမဲပေးမှုများကို စစ်ဆေးခဲ့သည်။ ၂။ စစ်ဆေးတွေ့ရှိချက်များအရ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၁၀၀၂၆၇ ဦး ဖြစ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၉၄၅၁၂ ဦး ဖြစ်သည်။ မဲဆန္ဒရှင် စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၃၃၇၅ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင် နေသူများမှာ ၆၅၈ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၁၀၀၉၄ ဦး ဖြစ်သည်။ ၃။ မြို့နယ်အလိုက် စစ်ဆေးတွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-