Skip to main content

အဖျက်အမှောင့်လုပ်ငန်းများကို မင်းမဲ့စရိုက်ဆန်စွာဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လာသဖြင့် အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေ စိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၈ အဖျက်အမှောင့်လုပ်ငန်းများကို မင်းမဲ့စရိုက်ဆန်စွာဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက် လာသဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေ စိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။ အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် အများပြည်သူလူထု၏ လိုလားချက်နှင့်အညီ လိုအပ်သည့် အမိန့်၊ ညွှန်ကြားချက် များအား ထုတ်ပြန်ကြေညာပြီး ပြည်သူလူထုသို့အသိပေးကြေညာချက် ထုတ်ပြန်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း။ ဖေဖော်ဝါရီ ၂၈ ရက်တွင် နိုင်ငံတော်ဆန့်ကျင်ရေးကို ဦးစီးဆောင်ရွက် နေသောအဖွဲ့ အစည်းများက Social Media များမှ လှုံ့ဆော်ခြင်း၊ ကွန်ရက်များဖွဲ့စည်း၍ လူငယ်ထုအား သွေးထိုးလှုံ့ဆော်ကာ ရှေ့တန်းတင်လာခြင်း၊ လူငယ်စုအား ခြိမ်းခြောက်အကြပ်ကိုင် ခြင်းဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို မင်းမဲ့စရိုက်ဆန်စွာဖြင့် နိုင်ငံတော်အတွင်း နေရာဒေသအချို့တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လာနေသည်ကို တွေ့ရှိရပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်လည်း တရားဥပဒေ စိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်း မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လူစုလူဝေးများဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များက အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့ပြောင်းချောသေနတ်တို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူ အော်ဟစ်ဆန္ဒပြသူ အမျိုးသား (၅)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။ အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်း ရှုခင်းသာလမ်း၊ သင်္ဃန်းကျွန်း ငမိုးရိပ်လမ်း၊ KBZ ဘဏ်ရှေ့၊ လှိုင် အင်းစိန်လမ်းမ၊ စီးပွားရေးဘဏ်ရှေ့၊ ကမာရွတ် လှည်းတန်းဈေးရှေ့၊ လှည်းတန်း မာလာဆောင်ရှေ့၊ ကြည့်မြင်တိုင် တိုင်းပညာရေးမှူးရုံးရှေ့၊ ရန်ကင်း(၁၄) ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ကျောက်တံတား တော်ဝင်ခုံးကျော်တံတားတို့တွင် လူစု လူဝေးများဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံး တို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၇၈)ဦး၊ အမျိုးသမီး (၂၄၄)ဦး၊ စုစုပေါင်း(၃၂၂)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။ အလားတူ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရ ကြောင်း။ အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပြည်မြို့နှင့် တောင်ငူမြို့တို့တွင် လူစုလူဝေးများ ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံး၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား(၁၀)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် မုံရွာမြို့တို့တွင် လူစုလူဝေးများ ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယို ဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၂၇)ဦး၊ အမျိုးသမီး(၂၃) ဦး၊ စုစုပေါင်း(၅၀)တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။ အလားတူ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ပခုက္ကူမြို့နှင့် ဂန့်ဂေါမြို့တို့တွင် လူစု လူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံး၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၅၈)ဦး၊ အမျိုးသမီး(၃) ဦး၊ စုစုပေါင်း(၆၁)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။ အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြောင်းမြမြို့၊ မအူပင်မြို့၊ လပွတ္တာမြို့နှင့် အင်္ဂပူမြို့တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး ( ဒသမ ၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၄၉)ဦး၊ အမျိုးသမီး(၂၉)ဦး၊ စုစုပေါင်း(၇၈)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။ အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် ပုလောမြို့ တို့တွင်လည်း လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံး၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၄)ဦး၊ အမျိုးသမီး(၁) ဦး၊ စုစုပေါင်း(၅)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။ အလားတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် လားရှိုးမြို့တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့ပြောင်းချောသေနတ်၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ် လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၆)ဦး၊ အမျိုးသမီး(၁) ဦး၊ စုစုပေါင်း (၇)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။ အလားတူ ကရင်ပြည်နယ်၊ ဘားအံ၊ ကော့ကရိတ်နှင့် မြဝတီမြို့တို့တွင် လူစုလူဝေးများ ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ( ဒသမ ၁၂)ဗို့ပြောင်းချောသေနတ်၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး(၁၁)ဦး၊ စုစုပေါင်း (၂၇)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။ အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သထုံမြို့၊ သံဖြူဇရပ်မြို့နှင့် ရေးမြို့တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့ ပြောင်းချော သေနတ်၊ မျက်ရည်ယိုဗုံး၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ကြောင်း။ အလားတူ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား (၃)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရ ကြောင်း။ အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့တွင်လည်း လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များက အသံမြည်ဗုံး၊ ( ဒသမ ၁၂)ဗို့ပြောင်းချောသေနတ်တို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ် ဆန္ဒပြသူ အမျိုးသား (၃)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။ နိုင်ငံတော်အား ဆန့်ကျင်သောအဖွဲ့အစည်းများက လူစုလူဝေးအချို့အား စည်းရုံး လှုံ့ဆော်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်သူသဖွယ်သဘောထား၍ ထိခိုက်ဒဏ်ရာရရှိစေခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအားဖမ်းဆီး၍ လက်နက်များကို သိမ်းဆည်းခြင်း၊ အများပြည်သူအသုံးပြုသည့် လမ်းကြောင်းများကို အကာအရံအတားအဆီးများအသုံးပြု၍ နည်းမျိုးစုံပိတ်ဆို့ကာ လူငယ်များ အားရှေ့တန်းတင်၍ မင်းမဲ့စရိုက်ဆန်စွာပြုလုပ်နေကြသည်ကို တွေ့ရှိရကြောင်း။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးဖြစ်အောင် ရည်မှန်း ဆောင်ရွက်သော်လည်း အဓိကရုဏ်းဖြစ်စဉ်များအား ဖြေရှင်းကြရာတွင် ထိခိုက်ဒဏ်ရာရရှိမှု ပိုမို ဖြစ်ပွားစေသည့် အကွာအဝေးအတွင်း ဆောင်ရွက်ရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆူပူ ဆန္ဒပြသူ လူစုလူဝေးအတွင်း ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်ကိုတွေ့ရှိရကြောင်း။ ယနေ့ဖြစ်စဉ်များအတွင်း အဓိကရုဏ်းနှိမ်နင်းရေးဆောင်ရွက်ရာတွင် ဆူပူဆန္ဒပြသူ လူစု လူဝေးများအနေဖြင့် နီးကပ်မှုအကွာအဝေးအတွင်း ရောက်ရှိနေမှုကြောင့် ထားဝယ်မြို့တွင် အမျိုးသား (၄)ဦး၊ သင်္ကန်းကျွန်းမြို့နယ်တွင် အမျိုးသား(၁)ဦး၊ ပဲခူးမြို့တွင် အမျိုးသား(၂)ဦး၊ ပခုက္ကူ မြို့တွင် အမျိုးသား(၁)ဦးတို့ ထိခိုက်သေဆုံးမှုဖြစ်ပွား ကြောင်းသိရှိရပြီး သေဆုံးခဲ့ရမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် (သေမှုသေခင်း)ရေးဖွင့်ထားကာ လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။ (သတင်းစဉ်)