Skip to main content

Mar 09, 2021

(၂၀၂၁ ခုနှစ်၊ မတ်လ (၉)ရက်နေ့ ​နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား (၂၀၂၁ ခုနှစ်) ကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ online စနစ်၊ Hybrid ပုံစံဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ MICT ဝန်းအပေါက်ဝ၌ မတ် ၂ ရက် နံနက် ၈ နာရီက တက္ကသိုလ်ပေါင်းစုံ ဆရာ/ဆရာမများ နှင့် ဝန်ထမ်းများစုပေါင်း ဆန္ဒပြရန် စုဝေးနေစဉ် CDM လှုပ်ရှားမှုတွင် အဓိက ဦးဆောင် ပါဝင်သည့် ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာ အာကာမိုးသူ အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား နိုင်ငံသားအစုအဖွဲ့ တစ်ခုကိုဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ၊ ကြောက်ရွံ့စေလျှင်၊ သို့မဟုတ် ကြောက်ရွံ့စေရန် ကြံရွယ်ခဲ့သောကြောင့် ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)ဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

နေပြည်တော် မတ် ၈ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးရှိ အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှော

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

(၂၀၂၁ ခုနှစ်၊ မတ်လ (၈)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူ အား ပုဗ္ဗသီရိ မြို့နယ် ပတ္တာနယ်မြေရဲစခန်း၌ (ပ)၃၀/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ မြန်မာ့ရိုးရာ အစဉ်အလာ မပျက် စုပေါင်းထမနဲထိုးပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ရုံးအမှတ်(၃၅)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် အမျိုးသားပြတိုက်(နေပြည်တော်) အတွင်း ခင်းကျင်းပြသထားမှု များကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြင့် ဆန်၊ စပါး ဝယ်ယူခြင်း ဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် လယ်ယာထုတ်ကုန်စီမံ ခန့်ခွဲရေးအဖွဲ့ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

မုံရွာမြို့တွင် ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်အကြမ်းဖက် မှု ကျူးလွန်ခဲ့ သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမအား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံ ခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် မတ် ၆ ရက် နံနက်ပိုင်း တွင် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက် တာများအသင်းချုပ်တို့ မှ ဆောင်ရွက်သော ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

CDM (Civil Disobedience Movement) ဝန်ဆောင်မှုလုပ်ငန်းများတွင် ပြည်သူများကြုံတွေ့နေရသည့်အခက်အခဲ များနှင့် CDM လုပ်ဆောင်လိုခြင်းမရှိသည့် နိုင်ငံ့ဝန်ထမ်းများ၏ လက်တွေ့ရင်ဆိုင်ခံစားနေရမှုများကို တွေ့ဆုံ မေးမြန်း ရေးသားလိုက် ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

တိုင်းဒေသကြီးနှင့် မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးအား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရပ်ကွက်၊ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များ ခန့်အပ် ထားရှိမှု အပေါ် ကျေနပ်မှုမရှိသည်ကို အကြောင်းပြ၍ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးများအား ဖိအား ပေးခြင်း၊ စီမံအုပ်ချုပ်ရေးမှူးရုံးများတွင် အုပ်စုဖွဲ့ပြီး ရမ်းကားဆန္ဒပြခြင်း၊ စီမံအုပ်ချုပ်ရေးရုံး ဆိုင်းဘုတ်များ ဖြုတ်ချခြင်း၊ အဖျက်အမှောင့် စာများရေးသား၍ ရုံးရှေ့တွင် ချိန်ဆွဲခြင်း၊ သစ်သားချောင်းများဖြင့်ရိုက်ပိတ်ခြင်း၊ ရုံးအဝင်တံခါး များအား သော့ခတ်ခြင်း၊ တံခါးများအား သံချောင်းများဖြင့် ဂဟေဆော်ပိတ်ခြင်းများအား မင်းမဲ့ စရိုက်ဆန်ဆန် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာအခက်အခဲများကို တစ်ထောင့် တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီ ကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၅၃၂၇၉ ဦး၊ အတွင်းလူနာ ၃၆၄၄ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက် ပေးသည့် အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက်၊ ဗိုလ်မှူး ဗထူးလမ်း၊ အမှတ်(၁၃/က) ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဘဏ္ဍာရေးမှူး ဖြစ်သူ ဒေါ်မြင့်မြင်ခင်ဖေ(ခ)ဒေါ်ရွှေဇီးကွက် အား CDM တွင် ပါဝင်လှုပ်ရှားနေသည့် နိုင်ငံ့ဝန်ထမ်းများအား အားပေးအားမြှောက်ပြုမှုဖြင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် မရမ်းကုန်း မြို့မရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှ စတင်၍ လုံခြုံရေးအား ပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

ဂျပန်နိုင်ငံ ကျိုတိုအပြည်ပြည်ဆိုင်ရာ ညီလာခံ စင်တာ၌ ကျင်းပသော 14th United Nations Congress on Crime Prevention and Criminal Justice သို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ဦးဆောင်၍ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ပါဝင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ သည် ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

နိုင်ငံ့ဝန်ထမ်းအများစုအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် CDM၌ ပါဝင်ခြင်းမရှိဘဲ သစ္စာရှိရှိ ဆောင်ရွက်နေမှုအပေါ် ခြိမ်းခြောက်အကျပ်ကိုင် ဖိအားပေးမှုဖြစ်စဉ်တစ်ခုအား ဆိုရှယ်မီဒီယာ မှတစ်ဆင့် မိမိကိုယ်မိမိသုံးဌာန ခေတ္တဝန်ကြီးအဖြစ် သတ်မှတ်ထားသည့် ဆေးကုသမှုမရှိသော ဆေးပညာ ရှင် ဦးဇော်ဝေစိုး က ၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် တရားမဝင် ကြေညာချက်ထုတ်ပြန်ခြင်းဖြင့် ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်