နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ PSO နဲ့ ကားသမားတစ်ယောက် CDM လုပ်သွားသည်ဆိုပြီး ပြည်ဖျက်မီဒီယာ များက မဟုတ်မမှန် ထုတ်လွှင့်နေတာရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများကလည်း ဝိုင်းဝန်းမေးမြန်း လာသည့်အတွက် ပြောကြားရခြင်းဖြစ်ကြောင်း၊ ၎င်းသတင်းသည် မမှန်ကန်ပါကြောင်း၊ မိမိတို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ PSO နဲ့ ကားသမားတို့က သူ့တာဝန်နဲ့သူ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ ထိုနေရာမှာ လွန်ခဲ့သည့်တစ်လလောက်က ဆက်သွယ်ရေး တပ်ဖွဲ့မှ စစ်သည်တစ်ယောက် ခွင့်မဲ့ပျက်ကွက်ဖြစ်သွားသည့် ဖြစ်စဉ်လည်းရှိကြောင်း ဖြေကြား သည်။
သတင်းစဉ်