Mar 10, 2021
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်အတွင်း မတ် ၈ ရက် နံနက်ပိုင်းက ဆူပူဆန္ဒပြသူ လူအုပ်စုများအနေဖြင့် အမျိုးသမီးဝတ်လုံချည်များအား အလံသဖွယ် ကိုင်ဆောင်ခြင်း၊ အမျိုးသမီးဝတ် လုံချည်များကို အများပြည်သူ အသုံးပြုသွားလာနေသော လမ်းကြောင်းများ၏ အပေါ်တွင် ကြိုးတန်းတန်း၍ ချည်နှောင်ထားခြင်း၊ ၎င်းအမျိုးသမီးဝတ်လုံချည်များ ပေါ်တွင် ဆရာတော်ကြီးတစ်ပါး၏ ရုပ်ပုံကားချပ်များကို ချိတ်ဆွဲထားခြင်းဖြင့် ဗုဒ္ဓဘာသာဝင်လူထုနှင့် သံဃာတော်များအနေဖြင့် လွန်စွာစိတ်မကောင်းဖြစ်ရခြင်း၊ မခံမရပ်နိုင်ဖြစ်ရခြင်းများအတွက် သာသနာတော်ညှိုးနွမ်းအောင် ဆောင်ရွက်မှုများအတွက် လိုအပ်သလို အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိပြီးဖြစ်သည်။
Mar 10, 2021
ဥပဒေများပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 10, 2021
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အစိုးရ ဝန်ထမ်းများအား CDM တွင် ပါဝင်လာစေရေး အဓိကကြိုးကိုင် ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သော နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဝင်ဟောင်း ဦးမင်းသူအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၂ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်(၂)ရှိ ရွှေဂုံတိုင်ဟိုတယ်၌ ဖမ်းဆီးရမိခဲ့ပြီး ထိန်းသိမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
Mar 10, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် Head of the European Union Military Staff (EUMS) ဖြစ်သူ Vice Admiral Herve Blejean နှင့် ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။
Mar 10, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 09, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၉)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 09, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအကြား လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် လက်မှတ်ရေးထိုးရန် ဆောင်ရွက်လျက်ရှိသည့် နားလည်မှုစာချွန်လွှာ များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Mar 09, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ကို တာဝန်ယူခဲ့သည်မှာ တစ်လနှင့် ရက်သတ္တတစ်ပတ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ မြို့ပြဒေသအသီးသီးတွင် ဖြစ်ပေါ် နေသည့် ဆန္ဒပြမှုများမှာ အချိန်ကြာမြင့်လာသည်နှင့်အမျှ ထိပ်တိုက်ရင်ဆိုင်တွေ့မှုများ၊ အကြမ်းဖက်လုပ်ရပ်များ ပါဝင်လာခဲ့သည်ကို တွေ့ရသည်။ ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ဒီမိုကရေစီနည်းလမ်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ရသလို အကြမ်းဖက်လုပ်ရပ်များကိုမူ လိုအပ်သလို ဖြိုခွင်းနှိမ်နင်းရ သည်များလည်းရှိသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့သော ပြီးခဲ့သည့် အစိုးရနှစ်ရပ်လက်ထက်တွင်လည်း ဆန္ဒပြမှုများနှင့် ဆူပူ အကြမ်းဖက်မှုများကို လိုအပ်သလို ဖြိုခွင်းနှိမ်နင်းခဲ့ကြရသည်။
Mar 09, 2021
ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်အမှတ်(၁/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။
Mar 09, 2021
ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်အမှတ် (၁/၂၀၂၁)ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။
Mar 09, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် မတ် ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်း ရှင်များ အသင်းချုပ် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်တို့မှဆောင်ရွက်သော ပြည်သူ့ အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးသည်။ ။
Mar 09, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၅/၂၀၂၁)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Mar 09, 2021
ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
Mar 09, 2021
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သောနိုင်ငံဖြစ်သည်။ သာဓက အားဖြင့် ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော လူဦးရေစာရင်းအရ ရှမ်းပြည်နယ်တွင် တိုင်းရင်းသား ခြောက်သန်းနီးပါး၊ ကချင်ပြည်နယ်တွင် တစ်သန်းခွဲကျော် နေထိုင်ကြရာတွင် တိုင်းရင်းသားမျိုးနွယ်စုကွဲများနှင့်အတူ ချစ်ချစ်ခင်ခင် အတူတကွ လက်တွဲနေထိုင်ကြသည်။ အလားတူပင် ကျေးလက် ဒေသများတွင်လည်း တိုင်းရင်းသားပြည်သူပေါင်းစုံ စုပေါင်း နေထိုင်ကြသည်။ မြို့ကြီးပြကြီးများနှင့် အလှမ်းဝေးသောဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် ရိုးသားဖြူစင်စွာဖြင့်၊ အေးချမ်းစွာဖြင့်နေထိုင် လျက်ရှိကြသည်။ ထိုသို့ အေးချမ်းစွာနေထိုင်လျက်ရှိသေ