Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးဝါးစက်ရုံ (အင်းစိန်) နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ ၁၁

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အောက်တိုဘာ (၉) ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)၌ စက်ရုံ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်သူများအတွက် လိုအပ်လျက်ရှိသော ဆေးဝါးများ ပိုမိုထုတ်လုပ်နိုင်ရေး စီမံ ဆောင်ရွက်ရန်၊ ဆေးဝါးများအား GMP Guide Line များနှင့်အညီ ထုတ်လုပ်နိုင်ရေး ကြပ်မတ် ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံ ဖြစ်သည့်အတွက် တောင်သူ များ၏ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်မည့် မြွေဆိပ်ဖြေဆေးများကို တိုးမြှင့်ထုတ်လုပ် နိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံအနေဖြင့် ဆေးဝါးအမယ်သစ်များ တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ စက်ရုံ၌ ရှိပြီးဖြစ်သော နည်းပညာများ မပျောက်ပျက်စေရေးအတွက် ဆင့်ပွားသင်တန်းများ ပေးရန်နှင့် ဆေးဝါး ထုတ်လုပ်မှု နည်းပညာသစ်များ ထပ်မံရရှိရေးအတွက် အမြဲတစေ လေ့လာသင်ယူရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်သက်တာသင်ယူမှု ပြုလုပ်သွားရန်၊ စက်မှုဝန်ကြီးဌာနပိုင် မြေနေရာများတွင် မြန်မာနိုင်ငံဆေးဝါးစက်မှုဇုန် (Pharmaceutical Complex Zone) တည်ထောင်နိုင်ရေး ပုံစံပြုရေးဆွဲအဆိုပြုရန်၊ စက်ရုံရှိ တပ်ဆင်ထားရှိသောစက်များ စက်စွမ်းအားပြည့် လည်ပတ်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားသည်။

အောက်တိုဘာ(၁၀)ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနသို့ရောက်ရှိရာ တိုင်းဒေသကြီး ဦးစီးမှူးက ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဌာနအသီးသီး၏ လုပ်ငန်း စွမ်းဆောင်နိုင်မှု အညွှန်းကိန်း (Key Performance Indicator) များ သတ်မှတ် ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ခဲ့မှုအပေါ် ပြန်လည်ဝေဖန်သုံးသပ်ရန်၊ မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)