Skip to main content

တရားမ အထူးအယူခံမှု (၄) မှု စီရင်ချက်ချမှတ် ရာဇဝတ် အထူးအယူခံမှု (၆) မှု ရုံးထိုင်ကြားနာ

နေပြည်တော် အောက်တိုဘာ ၁၁

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးခင်မောင်ကြီးနှင့် ဒေါ်ခင်မေရီတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၀၀/၂၀၁၉ (တနင်္သာရီ)၊ ၁၀၁ / ၂၀၁၉ (မန္တလေး)၊ ၁၀၂ / ၂၀၁၉ (မန္တလေး) နှင့် ၁၀၄ / ၂၀၁၉ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၄)  မှုကို စီရင်ချက်ချမှတ်သည်။

ထို့ပြင်  ရာဇဝတ် အထူးအယူ ခံမှုအမှတ် ၅/၂၀၂၀ (မန္တလေး)၊ ၉/၂၀၂၀ (ကချင်)၊ ၁၀/၂၀၂၀ (မွန်)၊ ၁/၂၀၂၁ (ရန်ကုန်)၊ ၂ /၂၀၂၁ (ရန်ကုန်)  နှင့် ၃/၂၀၂၁ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ် အထူးအယူခံမှု (၆) မှုကို ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ  ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)