Skip to main content

လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့သည့် ဖြစ်စဉ်များတွင် စွမ်းစွမ်း တမံဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ အောက်တိုဘာ ၁၀

 

မကွေးတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့် ခြင်းကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ရှိ နယ်မြေခံ တပ်နယ်ခန်းမ၌ ပြုလုပ်ရာ မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က လက်နက်/ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များ တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။

 

၎င်းနောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဖော်ထုတ်ဖမ်းဆီးရမိသည့် လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါး များအား ကြည့်ရှုခဲ့ကြ ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်