Skip to main content

သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ပြည်သူများ သတင်းအချက်အလက်မှန်ကန်စွာရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်

ရန်ကုန် အောက်တိုဘာ ၁၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲနှင့် ကျောက်တံတား မြို့နယ် ပန်းဆိုးတန်းလမ်းရှိ ပညာ့အလင်း ခေတ်မီစာကြည့် တိုက်များကို သွားရောက်စစ်ဆေး၍ သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများသတင်းအချက်အလက် မှန်ကန် စွာ ရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

 

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးသည် ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ယနေ့အချိန် အခါတွင် နိုင်ငံတော်ကို ရှေ့လုပ် ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉) ရပ်ဖြင့် လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် မသမာသူ အဖျက်သမားအချို့က နည်းလမ်း အမျိုးမျိုးဖြင့် နှောင့်ယှက်ဟန့်တား ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ အထူးသဖြင့် သတင်း မီဒီယာအချို့က မီဒီယာပလက်ဖောင်း အမျိုးမျိုးကို အသုံးပြု၍ သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်ကာ အဖျက် အမှောင့် လုပ်ငန်း များ ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ပုံနှိပ်လုပ်ငန်းများ၊ ထုတ်ဝေ ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအတိုင်း ခွင့်ပြုပေးလျက်ရှိပါကြောင်း။

 

ထိုနည်းတူ သတင်းမီဒီယာ လုပ်ငန်းများကိုလည်း သတင်း မီဒီယာ ဥပဒေနှင့်အညီ ကူညီ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ တစ်ဖက်ကလည်း ကျင့်ဝတ်သိက္ခာ စောင့်ထိန်းရန်အတွက် ထိန်းသိမ်းကြပ်မတ် ပေးရန်လည်း လိုအပ်မည်ဖြစ်ပါ ကြောင်း၊ နိုင်ငံ တော်အစိုးရ၏ဆောင်ရွက်ချက်များ အပေါ်အပြုသဘော ရှုမြင်ရေးသား ထုတ်လွှင့်မှုများကို ကြိုဆိုရမည် ဖြစ်သော်လည်း အဖျက်သဘော သက်သက်ဖြင့် သတင်းမှားများ၊ သတင်းအတု များကို တမင်ဖန်တီး ထုတ်လွှင့်မှုများကို သက်ဆိုင်ရာ ဥပဒေနှင့် အညီဖော်ထုတ် တားဆီးကြ ရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် သတင်းတု၊ သတင်းမှားများ မဖြစ်ပေါ်စေရေး အတွက် ဖော်ထုတ် တားဆီးပေးကြပါရန်နှင့် ပြည်သူများ သတင်းအချက်အလက် မှန်ကန် စွာ ရရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် ဆွေးနွေး မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ပညာ့ အလင်းခေတ်မီစာကြည့်တိုက်၏ စာကြည့်တိုက်ဝန်ဆောင် မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ပြီး ပြည်သူများ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာရေးနှင့် မှန်ကန်သည့် သတင်းအချက်အလက်များကို စာကြည့်တိုက်များမှတစ်ဆင့် ဖြန့်ဝေပေးနိုင်ရေး ကြိုးစား ဆောင်ရွက်ကြရန် လိုကြောင်း၊ စာကြည့်တိုက်တိုင်းတွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသည့် စာနယ်ဇင်းများကို ပြည်သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် စုံလင်အောင် ထားရှိပေး ရမည်ဖြစ် ကြောင်း၊ စာကြည့်တိုက်များတွင် ကျောင်းသားလူငယ်များ ဖတ်ရှုလေ့လာလိုသည့် စာအုပ် စာစောင်များကို ထားရှိပေး ကြစေလိုကြောင်း၊ လူငယ်များအတွက် အသက်မွေးဝမ်း ကျောင်းကို အထောက်အကူပြုသည့် စာအုပ်စာစောင်များ၊ လူငယ်များ စိတ်ဓာတ်မြှင့် တင်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုသည့် စာအုပ်စာစောင်များကို ဦးစားပေး ထားရှိပေးစေလိုကြောင်း၊ စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းများကို ခေတ်နှင့်အညီ မြှင့်တင် ဆောင် ရွက်ရမည်ဖြစ်သဖြင့် Digital Library Service ပြောင်းလဲ ဆောင်ရွက်နိုင်ရေးအတွက် လို အပ်သည်များကို ကြိုတင်ပြင်ဆင် ထားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်