Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ORGRES ကုမ္ပဏီနှင့် ရုရှားကုန်သည်ကြီးများအသင်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော်    အောက်တိုဘာ    ၁၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံ  မော်စကိုမြို့၌ ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021) သို့ တက်ရောက်ရန် မော်စကိုမြို့၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး နှင့်အဖွဲ့သည်  အောက်တိုဘာ ၁၁ ရက်တွင် ORGRES ကုမ္ပဏီနှင့် ရုရှားကုန်သည်ကြီးများအသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ၌ ရုရှားနိုင်ငံမှ ရေအား လျှပ်စစ်နှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လိုသော ORGRES ကုမ္ပဏီမှ Mr. Alexander Nazarov နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ Mr. Victor Nikolaevich Chemodanov နှင့်တွေ့ဆုံ၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

(သတင်းစဉ်)