Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များတွင် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ကြည့်ရှုအားပေး

နေပြည်တော်     အောက်တိုဘာ    ၁၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ရဲမှူးကြီးကိုကိုလွင်၊ ဦးကျော်သိန်းဆိုင်တို့နှင့်အတူ ယနေ့နံက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး ဆေးထိုးစုရပ်၊ ဇမ္ဗသီရိမြို့နယ် အမှတ်() အခြေခံပညာအထက်တန်း ကျောင်းဆေးထိုးစုရပ်၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာ အထက်တန်း ကျောင်း ဆေးထိုးစုရပ်နှင့် လယ်ဝေးမြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်တို့တွင် အသက် ၁၂နှစ်နှင့်အထက် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည့် ဆေးထိုးစုရပ်အသီးသီးတွင် အသက်၁၂နှစ်နှင့် အထက်အခြေခံပညာအထက်တန်းနှင့် အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး အားပေးစကားပြောကြား၍ နှာခေါင်းစည်း Mask များဖြန့်ဝေပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။

နေပြည်တော်တွင် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတို့မှ အထက်တန်း ဆင့်နှင့် အလယ်တန်းဆင့်သင် ကျောင်း(၄၉၆)ကျောင်းတို့ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့် အသက် (၁၂)နှစ်နှင့်အထက် အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၂၀၂၅၇)ဦး အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၆၃၇၁၂)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူပေါင်း (၈၃၉၆၉)ဦးတို့ကို ထိုးနှံပေးသွားမှာ ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)