Skip to main content

ကဝမြို့နယ်တွင် အသက်၁၂နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရေး အစည်းအဝေး ကျင်းပ

ကဝ အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းကျောင်းသား /ကျောင်းသူများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး အစည်းအဝေးကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီတွင်   ကျင်းပကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက ကဝမြို့နယ် အတွင်းရှိ အလယ်တန်းနှင့်အထက်တန်းကျောင်းသား/ ကျောင်းသူများအား ဆေးထိုးမည့်စုရပ် (၂၀)တွင်  ဆေးထိုးအဖွဲ့ (၂၀)ဖြင့်  စနစ်တကျ ကိုဗစ်- ၁၉ ကာကွယ်ဆေးကို ထိုးနှံနိုင်ရေးအတွက် ဆေးထိုးအဖွဲ့ တစ်ဖွဲ့လျှင် ကြီးကြပ်သူ၊ ဆေးပြင်/ဆေးထိုး ကူညီသူ၊ လုံခြုံရေးနှင့် ကြိုဆိုရေးတို့ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး လုပ်ငန်းအောင်မြင်ရေး အထူးအလေးပေးမှာကြားကာ နေ့လည် (၁၂)နာရီတွင်  အစည်းအဝေးအောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်