ပေါင်းတည် အောက်တိုဘာ ၁၂
မေး - မင်္ဂလာပါ ဆရာမကြီးရှင့်၊ ဆရာကြီးရဲ့နာမည်နှင့် တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေရှင့်။
ဖြေ - ကျွန်မနာမည်ကတော့ ဒေါ်ဌေးဌေးမြိုင်ပါ၊ ပေါင်းတည်မြို့နယ်ပညာရေးမှူးဖြစ်ပါတယ်။
မေး - အထက်တန်း/အလယ်တန်းကျောင်းတွေ့မှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အသက်(၁၂) နှစ်အထက် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ် ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ်ရှင့်။
ဖြေ - ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနဲ့ ပတ်သက်ပြီးတော့ မြို့နယ်မှာကျောင်းအုပ်တွေကို အစည်းအဝေးခေါ်ပြီးတော့ အသက်(၁၂) နှစ်အထက် ကလေးတွေရဲ့ စာရင်းတွေကို ကောက်ခိုင်း ပါတယ်၊ အခုဆိုရင် ကျောင်းသား စာရင်းတွေလဲ ရထားပါပြီ၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးမဲ့ ကျောင်းစာရင်းတွေလဲ လျာထားပြီး ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးမဲ့ စုရပ်ကတော့ (၃၀) နေရာဖြစ်ပါတယ်။ ဆေးထိုးစုရပ်နေရာနေတွေမှာလည်း ဗီးနိုင်များချိတ်ဆွဲ ကြော်ငြာပေးထားခြင်းနဲ့ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ထားပါတယ်။
မေး - ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးမဲ့ စုရပ် (၃၀)ခု ရဲ့ နေရာလေးတွေသိချင်ပါတယ်။
ဖြေ - ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးမဲ့ စုရပ်တွေကတော့ ပေါင်းတည်မြို့နယ်မှာဆိုရင် အထကသဖန်းကုန်း၊ အ.ထ.က ပေါင်းတည်၊ အ.ထ.က(ခွဲ)ကျောင်းကုန်း၊ အ.ထ.က(ခွဲ)တောင်ဘို့လှ၊ အ.ထ.က(ခွဲ) ပေါက်မှော်၊ အ.မ.က(လွန်)ပေါက်တော၊ အ.ထ.က မြို့မ၊ အထက(ခွဲ)ညောင်နီပင်၊ အ.လ.က မကျီးစမ်း၊ အ.ထ.က (ခွဲ)ပေါက်တန်း၊ အ.ထ.က(ခွဲ)မြေနံ့သာ၊ အ.လ.က ဘုရားငါးဆူ၊ အ.ထ.က မှတ္တိုင်၊ အ.ထ.က(ခွဲ)ဖားယားကြီး၊ အ.ထ.က မင်းကွက်၊ အ.လ.က(ခွဲ)ပန်းသင်းပင်၊ အ.လ.က ပျံချီတက်၊ အ.ထ.က(ခွဲ)အဂ္ဂ၊ အ.ထ.က ရှားပေါင်၊ အ.လ.က ဘွဲ့ပင်ကန်၊ အ.လ.က ကြူတောကန်စတဲ့ နေရာတွေမှာ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။
မေး - ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား/ကျောင်းသူတွေကို သတ်မှတ်နေရာတွေမှာ ကာကွယ်ဆေးလာရောက်ထိုးနှံဖို့ အသိပေးမှုတွေကိုဘယ်လိုဆောင်ရွက် ထားပါသလဲ။
ဖြေ - မြို့နယ်ပညာရေးမှူးများမှတဆင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများကို အသိပေးပါတယ်။ ကျောင်းအုပ်ကြီး များမှတဆင့် သက်ဆိုင်ရာကျောင်းသား မိဘတွေကို အသိပေးဆက်သွယ်ထားပြီး ဖြစ်ပါတယ်။
မေး - မကြာမီမှာ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ရှိကြောင်း သိရှိရတဲ့အတွက် ကျောင်းတွေပြန်ဖွင့် ဆောင်ရွက်ထားရှိမှု အခြေအနေလေးသိပါရစေရှင့်။
ဖြေ - ကျောင်းတွေပြန်ဖွင့်ဖို့အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေကတော့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ ဌာနဆိုင်ရာများနဲ့ ပူးပေါင်းပြီး စာသင်ကျောင်းတွေကို သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ခုံတွေကိုလည်း ၄ ပေခြား စီထားခြင်း၊ အပူချိန်တိုင်းကိရိယာ၊ လက်ဆေးဘေစင်များထားရှိခြင်းတွေကို ကိုဗစ်စည်းကမ်းနှင့်အညီ ဆောင်ရွက်ထားရှိပါတယ်။
မေး - အသက် (၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူတွေ့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာမှာ အဆင်ပြေဆောင်ရွက်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာနအဖွဲ့အစည်း တွေကိုလဲ သိပါရစေရှင့်။
ဖြေ - ပေါင်းတည်မြို့နယ်အတွင်းမှာတော့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ပညာရေး ၊ ကျန်းမာရေးမှ ဝန်ထမ်း၊ လဝကမှ ဝန်ထမ်းများ၊ မီးသတ်၊ ကြက်ခြေနီ စတဲ့အဖွဲ့အစည်းများမှလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြမှာ ဖြစ်ပါတယ်။
မေး - ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ဆရာမကြီးရဲ့ ပီတိ စကား သံကိုလည်းကြားချင်ပါတယ်ရှင့်။
ဖြေ - ကျောင်းသား/ကျောင်းသူတွေ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိနိုင်တဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ အခုလို ကျောင်းသား/ ကျောင်းသူတွေကာကွယ်ဆေး ထိုးနှံခွင့်ရရှိတဲ့ အတွက်ဝမ်းသာ ပီတိလဲ ဖြစ်မိပါတယ်။ ကာကွယ်ဆေးထိုးနိုင် အောင် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူများအားလုံးကို လည်းကျေးဇူး တင်ပါတယ်။ အခုလိုပြောကြားပေးတဲ့အတွက် ဆရာမကြီးကို ကျေးဇူးတင်ပါတယ်ရှင့်။
ချစ်နှင်းသုန် (ပြန်/ဆက်)