Skip to main content

Establishment of Myanmar ICT Development Institute စီမံကိန်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်   ဖေဖော်ဝါရီ   ၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသန ဌာနမှ ကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၁၈) ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မည့် Establishment of Myanmar ICT Development Institute စီမံကိန်းအတွက် Microsoft Azure DevOps Expert Course (AZ-400) နှင့် Microsoft Azure Security Technologies Courses (AZ-500) သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် virtual စနစ်ဖြင့် ကျင်းပသည်။

အမှာစကားပြောကြား

ဖွင့်ပွဲအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး Minister Counsellor Madam Li Xiao Yan a MekongLancang Cooperation National Coordination Unit (MLC NCU (Myanmar)]. Vice-Chairmanı နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်းတို့က အမှာစကားပြောကြားကြ သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောကြားရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းသည် မဲခေါင်ဒေသရှိ နိုင်ငံများအတွက် ထိရောက်သော အကျိုး သက်ရောက်မှုရှိသည့် ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်း၊ သင်တန်းပို့ချခြင်းဖြင့် လက်ရှိ ICT စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်ဖြစ်သော Cloud Computing နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခြင်းနှင့် လုပ်ငန်းခွင် အသင့်ဝင် IT ပညာရှင်များ ပိုမိုမွေးထုတ်နိုင်ကြောင်း၊ မဲခေါင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ သင်တန်းသား သင်တန်းသူများက နောက်ဆုံးပေါ် cloud Computing နည်းပညာရပ်များ Private Servers တွင် မည်သို့ အလုပ်လုပ်သည်ကို လေ့လာသင်ယူနိုင်ခြင်း၊ သက်ဆိုင်ရာ နိုင်ငံများရှိ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး အခန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းနှင့် မြန်မာနိုင်ငံနှင့် မဲခေါင်-လန်ချန်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပြီး မြန်မာနိုင်ငံ၏ ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို မဲခေါင် နိုင်ငံများဖြစ်သော လာအို၊ ထိုင်း၊ တရုတ်နိုင်ငံများမှ သင်တန်းသား ၁၄ ဦးနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အောက်ရှိတက္ကသိုလ်များမှ သင်တန်းသား ၃၉ ဦး  တက်ရောက်ကြပြီး ပြည်ပသင်တန်းသားများအတွက် အွန်လိုင်း (Virtual Mode) ဖြင့်သင်ကြား ပေးကာ ပြည်တွင်းသင်တန်းသားများအတွက် Onsite ဖြင့် သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၀ ရက်မှ ၂၅ ရက်အထိသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်