Skip to main content

Aug 27, 2021

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွှဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့ သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်းနှင့် ဒေါ်နန်းစန္ဒာဝင်း တို့သည် ဩဂုတ် ၂၆ ရက်မှ ၂၇ ရက်အထိ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC- The Association of Asian Constitutional Courts and Equivalent Institutions) ၏ အပြည်ပြည် ဆိုင်ရာစာတမ်းဖတ်ပွဲနှင့် ဘုတ်အဖွဲ့ဝင်များအစည်းအဝေးသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

၁။ အကြမ်းဖက်အုပ်စုများဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)အမည်ခံ အဖွဲ့အစည်းများနှင့် ယင်းတို့၏ လက်အောက် ခံဖြစ်သော အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမည်ခံ အဖွဲ့များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ် ငန်းစဉ်(၅)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မပြုနိုင်စေရန်အတွက် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်၊ ပြည်သူလူထုအားကြောက်ရွံ့မှုများဖြစ်ပေါ်စေပြီး ၎င်းတို့အား ထောက်ခံလာစေရန် အကြမ်းဖက်တိုက် ခိုက်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

ယခုကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင် အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင်အဆောက်အဦ များအား ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြစ်ဖြင့်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများ အနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ၎င်းတို့အပေါ် ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေး မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကွပ်ကဲမှု အောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရဲတပ်ဖွဲ့များသို့ ယုံကြည်စိတ်ချစွာဖြင့် ဆက်သွယ်နိုင်ရန် တယ်လီဖုန်း နံပါတ်များအား ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့မှစ၍ နေ့စဉ် သတင်းထုတ်ပြန် ကြေငြာခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အောက်စီဂျင်စက်ရုံတည်ဆောက်နေမှု အခြေအနေများနှင့် မြို့နယ်တွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများကို ယနေ့ နံနက်(၁၀)နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့မှ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအးလွင်၊ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးတို့နှင့်အတူ လှည့်လည်ကြည့်ရှု အားပေး ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

ပြည်ပသို့ ရေထွက်ကုန် တင်ပို့ ရာတွင် ကုန်တင်သင်္ဘောများ လိုအပ်ချက်ကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရေထွက်ကုန်တင်ပို့မှု ပုံမှန် လည်ပတ်ခဲ့ရာ ၂၀၂၀-၂၀၂၁ ကာလ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရရှိခဲ့သည့် အမေရိကန် ဒေါ်လာ ၇၁၅ ဒသမ ၃၃၇ သန်းကို ပြည့်မီရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ကြိုးပမ်း ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၅ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာတရုတ် နှစ်နိုင်ငံနယ်စပ် စစ်ဆေးရေးဂိတ် နမ့်ဖာဟော်တံတားမှ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၄၃ ဦးနှင့် မြန်မာတရုတ် နှစ်နိုင်ငံနယ်စပ် စစ်ဆေးရေးဂိတ် ရန်လုံကျိုင်းတံတားမှ အမျိုးသားသုံးဦး၊ အမျိုး သမီးတစ်ဦး စုစုပေါင်း လေးဦးတို့ကို အသီးသီး လက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန်ရည်ရွယ်၍ စာသင်ကျောင်းများ အပါအဝင် အစိုးရပိုင်အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ အများပြည်သူသွားလာ လှုပ်ရှားလျက်ရှိသည့်နေရာများအား မိုင်းထောင်တိုက်ခိုက်ခြင်း၊ အပြစ်မဲ့လူပုဂိ္ဂုလ် များအား ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုပ်ကြံ သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည့် ကယားပြည်နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များကို ငွေကြေး၊ ဝတ်စုံ၊ ရိက္ခာ၊ ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိသည့် မျိုးပပအား ဩဂုတ်လ ၁၂ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ Star City အိမ်ရာ၊ အခန်းအမှတ် (A3/1023)၌ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ဆေးသိုလှောင်ရေးတပ်တို့တွင် ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန် စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

ကိုဗစ်- ၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိရာ ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့်ဆေးပစ္စည်းဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ၁၈ ခုမှ အိမ်သုံးဆေးဝါး ၁၆၄ မျိုးအား ရောင်းချပေးလျက်ရှိပြီး ၇၈ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အရှေ့တောင် အာရှအမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum - SEANF) ၏ ဒုတိယအကြိမ်လုပ်ငန်းအဖွဲ့ အစည်းအဝေးကို သြဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိလည်းကောင်း၊ Dialogue Between the Asia Forum for Human Rights and Development (FORUM-ASIA)/ Asian NGO Network on NHRIS (ANNI) and the Southeast Asia NHRIs Forum (SEANF) ကို သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းတွင် လည်းကောင်း၊ ဖိုရမ်၏ ၂၀၂၁ ခုနှစ် အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက် လျက်ရှိသော မလေးရှားနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်က ဦးဆောင်၍ virtual online platform ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးတောင်သူများ ၊ ဝါသီးနှံ မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်သုံးစွဲ စိုက်ပျိုးနိုင်ရေးအတွက် မိုးကြိုချည်မျှင်ရှည်ဝါ လျာထားဧက ၁၅၀၀၀၀ ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2021

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အင်းစိန်(ဗဟို) အကျဉ်းထောင်အတွင်း ထိန်းသိမ်းထားရှိသော အကျဉ်းသား၊ အကျဉ်းသူ အချုပ်သား၊ အချုပ်သူများအား လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ အကျဉ်းထောင်အတွင်းရှိ ကဇာတ်ရုံ၌ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်