နေပြည်တော် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ အကြမ်းဖက်သူ အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၇၃ လမ်းနှင့် ၁၀၇ လမ်းထောင့်၌ အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အကြမ်းဖက်သမား ၂ ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့အနီးမှ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမ ကျည်ဆံ ၁၄ တောင့်၊ လက်လုပ်မိုင်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့နံနက် ၅ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့် ရပ်ကွက်၊ ရတနာပုံ တက္ကသိုလ်မီးပွိုင့်အနီး ၇၈ လမ်းအတိုင်း တောင်မှ မြောက်သို့ အကြမ်းဖက်သူ အမျိုးသား ၁ ဦးက လက်လုပ်မိုင်းအား ဆိုင်ကယ်တူး ဘောက်စ်အတွင်းထည့်၍ မောင်းနှင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖြစ်ပြီး လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ၎င်းအမျိုးသားတွင် ခန္ဓာကိုယ်အောက်ပိုင်း ပြတ်ထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါပေါက်ကွဲမှုဖြစ်စဉ်များမှ သေဆုံးသူများအား ရဲလုပ်ငန်းစဉ်များနှင့်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။