Aug 30, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလင်ပိဋကတ်တိုက်နှင့် ရုပ်ရှင်စတူဒီယိုတို့သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Aug 30, 2021
အကြမ်းဖက်မှုသည် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကောင်းကျိုးများကို ထိခိုက် ပျက်စီးစေသော လုပ်ရပ်များ ဖြစ်သည်။ အကြမ်းဖက် အဖျက်လုပ်ရပ်များသည် မည်သည့်လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းကမျှ မလိုလား လက်မခံသော အမှုကိစ္စဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးတို့သည် မည်သည့် အကြမ်းဖက်မှုကိုမျှ လက်မခံ ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချလျက်ရှိပြီး အကြမ်းဖက်မှုပပျောက်ရေးအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ကြိုးပမ်းဆောင်ရွက် နေကြသည်။
Aug 30, 2021
နိုင်ငံဖွံ့ဖြိုးရေးတွင် လူသားအရင်းအမြစ် အရည်အသွေးမြင့်မားခြင်းသည် ရုပ်ဝတ္ထုအရင်းအမြစ်နှင့် ဓနအရင်းအမြစ်တို့ထက်ပို၍ အရေးပါသည်ဟု ပညာရှင်များက အလေးအနက် လက်ခံထားကြသည်။ လူသားအရင်းအမြစ်ဆိုသည်မှာ နိုင်ငံအတွင်းရှိ လူများနှင့် ထိုသူတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများ၊ စိတ်ဓာတ်ရေးရာ အခြေအနေများ၊ သဘောထား အယူအဆများကို လွှမ်းခြုံ သတ်မှတ်ထားခြင်းပင်ဖြစ်သည်။ လူသားအရင်းအမြစ်ကို အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်စေပြီး အထိရောက်ဆုံး အသုံးချ နိုင်သော နိုင်ငံများမှာ ဖွံ့ဖြိုးတိုးတက်လာကြသည်။ ။
Aug 29, 2021
အကြမ်းဖက်အားပေးသတင်းဌာန DVB က သတင်းမှားများဖော်ပြခြင်းနဲ့ ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ်က ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းဌာနများသည် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သလိုပါပဲ။ PDF တွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးပြီး သေတွင်းထဲကို ပို့နေတာပါဟု ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြေကြားထား ပါတယ်။
Aug 29, 2021
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Aug 29, 2021
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Aug 29, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် နန်းတော်စစ်ဆေးရေး ဂိတ်မှ အမျိုးသား ၂၆၄ ဦး၊ အမျိုးသမီး ၂၀၁ ဦး၊ စုစုပေါင်း ၄၆၅ ဦးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်၊ ရန်လုံကျိုင်း တံတားမှ အမျိုးသားတစ်ဦးတို့ကို အသီးသီးလက်ခံခဲ့သည်။
Aug 29, 2021
မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Aug 29, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
Aug 29, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Aug 29, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ယမန်နှစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပွားစဉ်က ရောဂါကူးစက်ဖြစ်ပွားမှု၊ ထိခိုက်မှုနည်းပါးခဲ့သော်လည်း ယခုနှစ် တတိယလှိုင်းဖြစ်ပွားချိန်တွင် ရောဂါကူးစက်မှု၊ ထိခိုက်ပျက်စီးမှု မြင့်မားခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မျက်ခြည်မပြတ် အရေးတယူ ဆောင်ရွက်မှုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ စေတနာရှေ့ထား၍ ဖိဖိစီးစီးဆောင်ရွက်ပေးမှုများ ကြောင့် ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းမှာ အတိုင်းအတာတစ်ခုအထိ လျော့ကျလာသည်ဟု ဆိုနိုင်ပါသည်။
Aug 29, 2021
ကိုဗစ်-၁၉ ရောဂါ၏ လှည့်စားတတ်သည့်မာယာကို ကပ်ရောဂါကူးစက်မှု ပထမလှိုင်းကာလ ကတည်းက သုတေသီတို့တွေ့ရှိ၍ သတိပေးခဲ့ကြသည်။ ယခင်က မဖြစ်ခဲ့ဖူးသည့် ကပ်ရောဂါ အသစ် ဖြစ်ခြင်းကြောင့် ရောဂါ၏ အကြောင်းကို ပြည့်စုံစွာ သိရှိနားလည်နိုင်ရန် လေ့လာရင်း ကပင် ရောဂါပိုးက မျိုးဗီဇအသစ်ပြောင်းကာ နောက်ထပ် အချက်အလက်အသစ်များကိုပါ ထပ်မံလေ့လာနေကြရသည်။ ရောဂါအပေါ် လူသားတို့က လေ့လာနေဆဲမှာပင် ကူးစက် ပျံ့နှံ့မှုများကလည်း ကမ္ဘာ့နိုင်ငံအသီးသီးတို့မှာ ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်သည်။
Aug 28, 2021
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုးတို့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Handa (Yangon) Garment Co., Ltd (အားကစားဝတ်စုံ ချုပ်လုပ်ငန်း) သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
Aug 28, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ထမ်းအိမ်ရာဝင်း၌ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသား မျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ကို ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ရောင်းချနေမှု ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Aug 28, 2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆောင်ရွက်လျက်ရှိသော ရေဒါစခန်းအတွင်းရှိ Duty Engineer House တည်ဆောက်ခြင်း လုပ်ငန်းနှင့် ဝန်ထမ်းအိမ်ယာတည်ဆောက်ရေး လုပ်ငန်းခွင်သို့သွားရောက် ကြည့်ရှုစစ်ဆေးပြီး တည်ဆောက် ရေးလုပ်ငန်းများ ခိုင်ခန့်မှုရှိစေရေးအတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်ကြရန်မှာကြားသည်။
Aug 28, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Aug 28, 2021
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိသည်။