နေပြည်တော် ဖေဖော်ဝါရီ ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများကို ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်း သာမဏေများ အတွက် ဆပ်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရေရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အင်အားဖြည့်အစားအစာများကို ထောက်ပံ့လှူဒါန်းလျက် ရှိသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းလျက် ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့ပတ် လမ်း ရပ်ကွက်(၃)ရှိ ဓမ္မရက္ခိတ သီလရှင်စာသင်တိုက်တွင် သီတင်း သုံးနေသော စာသင်သား သီလရှင် အပါး ၇၀ အတွက် ဆွမ်းဆန်တော် အခက်အခဲမရှိစေရန် ပြည်နယ် အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်း အရှေ့)၊ အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီး ကြည်မင်းသိန်း၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် ရုံးဝန်ထမ်းများက ဆွမ်းဆန် ရှစ်အိတ်၊ ဆီ ၁၁ ပိဿာ၊ ကုလားပဲ ၁၈ ပိဿာစသည့် လှူဒါန်းဖွယ်ထောက်ပံ့ ပစ္စည်းများကို နာယကဆရာကြီး ဒေါ်ကဉ္စနထေရီထံသို့ ထောက်ပံ့ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်