ရန်ကုန် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၏ (၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မှာကြားချက်များအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်သင်းသင်းနွဲ့က ထပ်ဆင့် ရှင်းလင်းမှာကြားသည့် အခမ်းအနားသို့ ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ Virtual Online စနစ်ဖြင့် ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ခရိုင်တရားသူကြီးများနှင့် မြို့နယ်တရားသူကြီးများ၊ တွဲဖက်မြို့နယ်တရားသူကြီးများ၊ ဒုတိယမြို့နယ် တရားသူကြီးများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်