Skip to main content

ဒုတိယဝန်ကြီး ဦးမင်းမင်းဦး ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် ဖြစ်မြောက်ရေးအတွက် အဆိုပြု Geosites များ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့် အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် ဖြစ်မြောက်ရေးအတွက် အဆိုပြု Geosites များကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် တာဝန်ရှိသူများအား နိုင်ငံတကာအသိအမှတ်ပြု ထိန်းသိမ်းကာကွယ်ရေး နယ်မြေ ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ်(UNESCO Global Geopark) တည်ထောင်နိုင်ရေးအတွက် အရေးကြီးသည့် အမျိုးသားအဆင့် ဘူမိဥယျာဉ် (National Geopark) တည်ထောင်သတ်မှတ်ရန် ဦးစွာလိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် Local Geopark & National Geopark များ မရှိသေးဘဲ ပထမဦးဆုံး အမျိုးသားအဆင့် National Geopark အဖြစ် Mount Popa National Geopark ကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ တင်ပြဆွေးနွေးပြီး ပုပ္ပားတောင် သစ်တောဧရိယာအတွင်း အဆိုပြုနေရာ Geosites ၁၆ နေရာကို ပဏာမရွေးချယ် တင်ပြသည့် နေရာများအနက် သတ်မှတ်ချက်ကိုက်ညီသည့် နေရာများကို ယခုကဲ့သို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးအတည်ပြုခြင်း ဖြစ်ပါကြောင်း၊ ပုပ္ပားတောင်ဒေသသည် မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုနှင့် ဘူမိဗေဒအရ အလွန်အရေးပါသည့် ဒေသတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပုပ္ပားတောင်သစ်တောဧရိယာ (Sandagu Forest) စန္ဒကူးတောနှင့် သမင်ခြံ၊ (Medical Plant) ပရဆေးဥယျာဉ်နှင့် ပြတိုက်၊ Lahar (Volcanic Mud Flow) ပုပ္ပားမီးတောင်ရွှံ့ချော်ရည်၊ (Augite Andesite Stone Forest) ကျောက်တုံးကြီးများဖြင့် ဖွဲ့စည်းထားသော သစ်တော၊ (Fossil Museum) ကျောက်ဖြစ်ရုပ်ကြွင်း ပြတိုက်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်