နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ ရွှေအင်းရိပ်သာပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ဆုတောင်းပြည့်ကျောင်းတိုက်နှင့် ရန်အောင်မြင် ကျောင်းတိုက်တို့သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းသို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ် ကျောင်းတိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ဓမ္မဂုဏ်ရည်ပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်ရှိ ရွှေကျောင်းပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်