Jul 22, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 22, 2026
လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ အသိပေးပန်ကြားခြင်း
Jul 22, 2026
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည့် အလုပ်သမားများအတွက် အခွင့်အရေးများရရှိရေး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
Jul 22, 2026
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ရန်ကုန်-မန္တလေး အမြန်လမ်းဘေး မယ်ညိုတောင်ကြိုးဝိုင်းအတွင်း သစ်တောလုပ်ငန်းများ ဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jul 22, 2026
မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်အတွင်း တည်ရှိသည့် ကင်းတားဆည် လက်ဝဲမြောင်းမကြီးမှ ယခုနှစ် မိုးစပါးဧက ၅၂၀၇၀ နှင့် အခြား မိုးသီးနှံ ၃၄၉၄ ဧကကို စိုက်ပျိုးရေ ပေးဝေရန် လျာထားဆောင်ရွက်လျက်ရှိပြီး စမုံရေငုပ်ပြွန်အောက်ပိုင်းရှိ စိုက်ပျိုးဧရိယာ ၄၂၄၃၉ ဧကကို ဇူလိုင်လဒုတိယပတ်မှစတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း၊ စမုံရေငုပ်ပြွန်မှ မိတ္ထီလာလွင်ပြင်ဒေသအတွင်း တိုးချဲ့စိုက်ပျိုးရန်လျာထားသည့် စိုက်ပျိုးဧရိယာများအတွက်ပါ စိုက်ပျိုးရေ တိုးချဲ့ပေးဝေသွားမည်ဖြစ်သည်။
Jul 22, 2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်၍ စဉ်ဆက်မပြတ်ပေးနိုင်ရေးတို့အား ဘက်စုံမှ တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အင်းတကော်စက်မှုနယ်မြေရှိ ခေတ်မီ Smart Meter များ ထုတ်လုပ်နေသည့်စက်ရုံ၌ ဒီဂျစ်တယ်မီတာများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jul 22, 2026
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael John Dunford အား ယနေ့နံနက်ပိုင်းတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
Jul 22, 2026
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး ရှေးရှုလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအရှိန်အဟုန်ကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပိုမိုထိရောက်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်နှင့် ရရှိပြီးသားဆွေးနွေးမှုရလဒ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန်ရည်ရွယ်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAOs) တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ဆက်လက်ကျင်းပသည်။
Jul 22, 2026
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 22, 2026
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-12) ရှိ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီဝင်များနှင့် တွေ့ဆုံသည်။
Jul 22, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးဇော်ဝင်းမြင့်အား ၎င်း၏ လက်ရှိတာဝန်ဝတ္တရားများအပြင် မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီးဖြစ်သည်။
Jul 22, 2026
“နိုင်ငံတော်တွင် နိုင်ငံရေးအရ တည်ငြိမ်မှုရှိသည်ဟုဆိုရာတွင် ပြည်သူလူထု၏ စားရေးအဆင်ပြေစေရန်၊ စီးပွားရေးအရ ပြေလည်ရန် အဓိကလိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ စားရေးအဆင်ပြေမှုရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို ဒေသအလိုက် မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အကျိုးအမြတ်ရရှိရေးသည် အဓိကမဟုတ်ဘဲ ပြည်သူလူထုအနေဖြင့် အသား၊ ငါးနှင့် ရာသီသီးနှံများကို သက်သာသောဈေးနှုန်းများဖြင့် လုံလုံလောက်လောက် ဝယ်ယူစားသုံးနိုင်စေရေးအတွက်ကိုသာ အဓိကဆောင်ရွက်ခြင်းဖြစ်သဖြင့် ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြရန်” ဇူလိုင် ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များအား ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
Jul 22, 2026
ပညာရေးသည် နိုင်ငံတည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်ရာ ပညာရေးမြင့်မားမှ နိုင်ငံကို မြင့်မြင့်မားမားတည်ဆောက်နိုင်မည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက် ပညာရေးအားနည်းချက်များရှိခဲ့သလို အစိုးရအဆက်ဆက်တို့ကလည်း ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသော်လည်း ပညာရေးအားနည်းချက်များမှာ ရှိနေဆဲဖြစ်သည်။
Jul 21, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၄/၂၀၂၆)
Jul 21, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၃/၂၀၂၆)
Jul 21, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် နမီးဘီးယားနိုင်ငံသား တစ်ဦးအား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
Jul 21, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Jul 21, 2026
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့် (၉၉) နှစ်မြောက်အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး တက်ရောက်သည်။
Jul 21, 2026
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ တပ်မတော်အကြီးစားစက်ရုံ၊ စက်ရုံခွဲ (ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jul 21, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
