Jul 21, 2026
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဗျောတောဝရပ်ကွက်၊ အာဇာနည်လမ်း၊ ထားဝယ်ဟိုတယ်နံဘေး (ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနရုံးရှေ့)ရှိ စိန်ပန်းပင်မှာ အာဇာနည်လမ်းမပေါ်သို့ ကျိုးကျစဉ် ဆိုင်ကယ်စီးလာသည့်အမျိုးသမီးတစ်ဦးအား ပိမိသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
Jul 21, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 21, 2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးကြပြီး ဝန်ထမ်းများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားသည်။
Jul 21, 2026
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်( ၃)ရပ်ကွက်၊ ၁၁၀လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ မီလျံနာရွှေဆိုင်တွင် ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းက လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jul 21, 2026
ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအတွက် ပြန်တမ်းဝင်အဆင့်စတင်ခန့် အရာထမ်းရာထူးများကို တစ်နှစ်လျှင် ကြော်ငြာသုံးကြိမ် ခေါ်ယူ၍ ရေးဖြေစာမေးပွဲ စစ်ဆေးခြင်း၊ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းတို့ကို ရွေးချယ်ရေးလုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျ ရွေးချယ်ပေးလျက်ရှိကြောင်း သိရသည်။
Jul 21, 2026
၃၃ ကေဗွီ သာဝတ္ထိဓာတ်အားလိုင်း ထရန်စဖော်မာ လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းကို ဓာတ်အားပိတ်ဆောင်ရွက်မည်
Jul 21, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့်အတူ ယနေ့တွင် ဖလမ်းမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (6 KW) ဆိုလာမီးတစ်စုံ တပ်ဆင်ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆိုလာပြားများ သန့်ရှင်းမှုရှိစေရေး၊ ရုံးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် အကျိုးရှိစွာ အသုံးပြုရေးတို့ကို မှာကြားသည်။
Jul 21, 2026
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ (IPRCC) နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးစံပြစီမံကိန်း (အဆင့်-၂)” ဆောင်ရွက်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် စီမံကိန်းဆောင်ရွက်ရန် လျာထားသည့် ကျေးရွာနှစ်ရွာတွင် ကနဦးလေ့လာဆန်းစစ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jul 21, 2026
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာကွန်ဖရင့်နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။
Jul 21, 2026
တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 21, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jul 21, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ်မှ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး H.E. Mr. Indrika Ratwatte ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 21, 2026
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်ရှိ ဖလင်ပိဋကတ်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jul 21, 2026
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော်(C)ဆောင် ဒုတိယထပ်ရှိ အစည်းအဝေးခန်းမ၌ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီတို့မှ ကော်မတီဝင်များအား တွေ့ဆုံသည်။
Jul 21, 2026
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးရှေးရှုလျက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအရှိန်အဟုန်ကို မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ပိုမိုထိရောက်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်နှင့် ရရှိပြီးသား ဆွေးနွေးမှုရလဒ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည့်နည်းလမ်းများ ရှာဖွေဖော်ထုတ် ရန်ရည်ရွယ်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(NCA-S EAOs)တို့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။
Jul 21, 2026
ပိုးစာမျိုးများမျိုးစပ်ခြင်းသုတေသနနှင့် ပိုးမျိုးများမျိုး စပ်ခြင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုးစာမျိုးအလိုက် ပိုးမျိုးအလိုက် ပိုးချည်အရည်အသွေးပေါ် သက်ရောက်မှုကိုပါ တစ်ပါတည်းဆောင် ရွက်ရန်၊ ပိုးမွေးမြူရေးအနေဖြင့် လက်ရှိတွင် ပြည်ပသို့ ပိုးအိမ်ခြောက်အဖြစ်တင်ပို့ရောင်းချခြင်းကိုသာ အဓိကဆောင်ရွက်လျက်ရှိသော်လည်း ရေရှည်တွင် ပိုးချည်နှင့် ပိုးအိမ်မှထွက်ရှိသည့်ကုန်ချောများ ထုတ်လုပ်နိုင်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။
Jul 21, 2026
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာအခြေခံသည့် နိုင်ငံဖြစ်သလို ဗြဟ္မစိုရ်တရားထွန်းကားသည့် နိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာအဆုံးအမဖြစ်သည့် သင်္ဂဟတရားနှင့်အညီ သူတစ်ပါးအပေါ် ချီးမြှင့်ထောက်ပံ့လေ့ရှိသည်။ သင်္ဂဟတရားထွန်းကားသည့် လောကကြီးသည် ငြိမ်းချမ်းသာယာ၏။ အခြေအနေအားလျော်စွာ သင်္ဂဟတရားကျင့်သုံးသူတို့သည် စိတ်ချမ်းသာ၏။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာတွင် သင်္ဂဟတရားသည် အလွန်အရေးကြီး၏။ သင်္ဂဟတရားလေးပါးဖြစ်သည့် ဒါန-ပေးကမ်းချီးမြှင့်ထောက်ပံ့ခြင်း၊ ပေယျဝဇ္ဇ- ချစ်ဖွယ်စကားဖြင့် ချီးမြှင့်ခြင်း၊ အတ္ထစရိယာ- သူ့အကျိုးပြီးမြောက်အောင်ဆောင်ရွက်ခြင်း၊ သမာနတ္တတာ- ကိုယ်နှင့်ထပ်တူ ချီးမြှင့်ခြင်းတို့သည် လောကမင်္ဂလာတရားများဖြစ်သည်။
Jul 21, 2026
မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်မှလွတ်မြောက်၍ အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံအဖြစ် ကြေညာသည့်အခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူ၍ ကမ္ဘာသိကြေညာခဲ့သည်။နယ်ချဲ့လက်အောက်သို့မရောက်မီကိုယ့်မင်းကိုယ့်ချင်း နိုင်ငံဘဝတွင်လည်း မြန်မာနိုင်ငံသည် ပဒေသရာဇ်စနစ် ပြည်ထောင်စုနိုင်ငံပင် ဖြစ်ခဲ့သည်။
Jul 20, 2026
လျှပ်စစ်စွမ်းအားကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ လူနေမှုဘဝမြင့်မားစေရန်နှင့် လူမှုစီးပွားဘဝ လုံခြုံတိုးတက်စေရန် အဓိကအရေးကြီးသည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။ သို့ရာတွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများနှင့် အချို့သော EAOs အဖွဲ့များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လျှပ်စစ်စွမ်းအားကဏ္ဍနှင့်အခြားသော လုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်ဖျက်ဆီးနေသည်ကို တွေ့ရှိရသည်။
Jul 20, 2026
ဒုတိယသမ္မတ ဦးညိုစောသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ရုံးချုပ်မှ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး H.E. Mr. Indrika Ratwatte ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
