Dec 19, 2025
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ယနေ့တွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
Dec 19, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 19, 2025
လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆) (Youth Peace Forum 2026) ဖိတ်ကြားရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
Dec 19, 2025
မြန်မာနိုင်ငံ စာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံ စာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး၊ မြန်မာနိုင်ငံ စာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေး နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
Dec 19, 2025
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၁၁၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
Dec 19, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များရှိ သက်ဆိုင်ရာအားကစားကွင်း၊ အားကစားရုံများတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်းအနေဖြင့် ခရစ်ကတ်၊ ကဘာဒီ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ နဂါးလှေ၊ နပန်း၊ ရွက်လှေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့တွင် မြန်မာနိုင်ငံအတွက် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် တစ်ခု၊ မွေအားကစား နည်းမှ ကြေးတံဆိပ် ကိုးခု၊ နပန်းအားကစားနည်းမှ ကြေးတံဆိပ်သုံးခု၊ ရိုးရာလှေအားကစားနည်းမှ ကြေးတံဆိပ်နှစ်ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် တစ်ခု စုစုပေါင်း ဆုတံဆိပ် ၁၇ ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။
Dec 19, 2025
နေပြည်တော် ဒီဇင်ဘာ ၁၈ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၏ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပသည်။
ဆင်လမ်း (၂) ရေလှောင်တမံနှင့် ပင်တီးရေလှောင်တမံစီမံကိန်းဆောင်ရွက်ရန် လျာထားနေရာများ ကွင်းဆင်းကြည့်ရှု
Dec 19, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာအနီး ဆင်ဖြူချောင်းပေါ်တွင် ဆင်လမ်း (၂) ရေလှောင်တမံနှင့် ပင်တီးကျေးရွာအနီး သဗြိုက်ချောင်းပေါ်ရှိ ပင်တီးရေလှောင်တမံ တည်ဆောက်နိုင်မည့် လျာထားနေရာများကို ကွင်းဆင်းကြည့်ရှုသည်။
Dec 19, 2025
ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်း ကျင်းပနိုင်ရေး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 19, 2025
ယနေ့ ခရစ်နှစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်၊ ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ပြာသိုလဆန်း (၁) ရက်နေ့သည် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အမြတ်တနိုးတန်ဖိုးထားသည့် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ယခုကဲ့သို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခါသမယတွင် ကရင်တိုင်းရင်းသားများအပါအဝင် မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
Dec 19, 2025
မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသောနိုင်ငံဖြစ်သည်။ တပ်မတော်သည် နိုင်ငံ့တာဝန်ကို မလွှဲသာမရှောင်သာ စတင်ယူစဉ်အချိန်ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးလုပ်ငန်းစဉ်များ ချမှတ်၍ တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သည်။
Dec 19, 2025
၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံတွင် တစ်ဦးချင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၄၂၉ ယူနစ်ရှိပြီး တစ်နိုင်ငံလုံး အများဆုံးဝန်အား ၃၈၂၈ မဂ္ဂါဝပ်အထိ သုံးစွဲခဲ့သည်။ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ် ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ တိုးတက်လျက်ရှိပြီး ၂၀၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အရ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
Dec 19, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်း အတွဲ (၇၈) အမှတ် (၅၁) အပိုင်း (၄) အား ဖတ်ရှုနိုင်ပါသည်-
Dec 19, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်း အတွဲ (၇၈) အမှတ် (၅၁) အပိုင်း (၂) အား ဖတ်ရှုနိုင်ပါသည်-
Dec 19, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်း အတွဲ (၇၈) အမှတ် (၅၁) အပိုင်း (၁) အား ဖတ်ရှုနိုင်ပါသည်-
Dec 18, 2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့ မြို့ပေါ်ရပ်ကွက်များနှင့် နားမွန်းလုံကျေးရွာ၊ မယ်အောကျေးရွာတို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံထားရှိမည့်နေရာနှင့် မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့တွင် အဆိုပါမြို့နယ် နယ်မြေခံတပ်ရင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 18, 2025
အင်ဒိုနီရှားနိုင်ငံ၊ ဘာတန်မြို့၌ ဒီဇင်ဘာလ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်း (2nd ASEAN-US Maritime Exercise 2nd AUMX) သို့တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ ဗိုလ်မှူးကြီး ခွန်အောင်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များပါဝင်သည့် စစ်ရေယာဉ် (ကျန်စစ်သား) သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ တပ်မတော်(ရေ)မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
Dec 18, 2025
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
Dec 18, 2025
နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
