Jul 17, 2026
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ (ပထမအကြိမ်) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန ရုံးအမှတ် (၃၉) အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
Jul 17, 2026
စစ်မြေပြင်ဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးအတွက် လေ့ကျင့်ဆောင်ရွက်သည့် မြန်မာ - ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်ခန်း MYANMAR-RUSSIA JOINT EXERCISE (TIGER-2026) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၊ လေ့ကျင့်ရေးနယ်မြေ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ကြည့်ရှုစစ်ဆေးသည်။
Jul 17, 2026
ဟိမဝန္တာတောင်တန်းဒေသတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ဒေသတွင်းနှင့် အခြားနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးမှုကိုမြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (THE 5TH CHINA XIZANG TRANS-HIMALAYA FORUM FOR INTERNATIONAL COOPERATION) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ညင်ချီ (ခ) လင်ကျစ်မြို့ရှိ Nyingchi Rui Crown Hotel ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်မိန့်ခွန်းပြောကြားသည်။
Jul 17, 2026
ယာဉ်မောင်းလိုင်စင် ဝန်ဆောင်မှုလုပ်ငန်းများ၏ ကျသင့်ငွေများအားDigital Payment ဖြင့် ငွေပေးချေခြင်းနှင့် “ခ” ၊ “ဂ” ၊ “ဃ” ၊ “င” ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းအား Online စနစ်ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာခြင်း
Jul 17, 2026
မော်တော်ယာဉ်ပိုင်ရှင်အမည်ပြောင်းဆောင်ရွက်မှုအပေါ် အခွန်စိစစ်ခြင်းနှင့် ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာခြင်း
Jul 17, 2026
ပြည်ထောင်စုနယ်မြေ နေပြည်တော် လေဆိပ်ဓာတ်အားခွဲရုံသို့ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီ ပျဉ်းမနား-နေပြည်တော် လေဆိပ်ဓာတ်အားလိုင်း အပြစ်ဖြစ်ပွားခဲ့ခြင်းကို ပြုပြင်တည်ဆောက်ပြီးဖြစ်သဖြင့် လေဆိပ်ဓာတ်အားခွဲရုံသို့ ဓာတ်အားလိုင်း ပြန်လည်ချိတ်ဆက်ခြင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ရာ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လုပ်ငန်းခွင်နှင့် လွတ်ကင်းမှုမရှိသည့် ၃၃ ကေဗွီ အေလာ - သာဝတ္ထိ ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်သဖြင့် သာဝတ္ထိမြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများနှင့် ရုံးဌာနများတွင် ဓာတ်အားယာယီ ပြတ်တောက်နေမည်ဖြစ်ပြီး ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်သည်။
Jul 17, 2026
ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင် မန္တလေးဘူတာကြီး၌ တိုင်းတာဝန်ခံအရာရှိများနှင့် တွေ့ဆုံပြီး ရထားလမ်းများ၊ တံတားများ၊ ရထားစက်ခေါင်းနှင့်တွဲများ ကောင်းမွန်စေရေးနှင့် ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျူးကျော်နေအိမ်များ ရှင်းလင်းရေးတို့ကို ဆွေးနွေးမှာကြားကာ မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာမည့် အမှတ် (၁၀) အစုန် DEMU ရထားအား ကြည့်ရှုစစ်ဆေးသည်။
Jul 17, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် UNDP အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Norimasa SHIMOMURA အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 17, 2026
ဝေးလံခေါင်ဖျားဒေသများသို့ ဒီဂျစ်တယ်သင်ကြားရေး ပလက်ဖောင်းများ သို့မဟုတ် ဗီဒီယိုဖိုင်များဖြင့် သင်ကြားနိုင်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။
Jul 17, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS) ၏ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ် Ms. Sara Austin Netzer အား ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးရေးနည်းလမ်းများနှင့် သီးနှံစုံစိုက်ပျိုးခြင်းလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသည်။
Jul 17, 2026
သာသနာရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။
Jul 17, 2026
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၏ (၅) ကြိမ်မြောက် နိုင်ငံတကာ ပြန်ကြားရေးဖိုရမ်ကို ယနေ့မွန်းလွဲပိုင်းတွင် ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားပြည်နယ်ခွဲရှိ InterContinental Xishuangbanna Resort Hotel ခန်းမဆောင်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
Jul 17, 2026
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 17, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jul 17, 2026
NUG, CRPH အကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံများဖြစ်သည့် CNF, CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ချင်းပြည်နယ် ထန်တလန်မြို့အား အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှစ၍ ထန်တလန်မြို့၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သာလွန်အင်အားများ၊ လက်နက်ကြီးများကို အဆမတန်အသုံးပြု၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံးဌာနများ၊ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ လူနေအဆောက်အအုံများကို အကာအကွယ်ရယူကာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသက်ကိုပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံ ခုခံခဲ့ကြသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာ ရရှိမှုများ များပြားလာခြင်း၊ ခဲယမ်းများနည်းပါးလာခြင်း၊ ရာသီဥတုအခြေအနေ၊ နယ်မြေအခြေအနေနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာသည့်အတွက် ထန်တလန်မြို့မှ ခေတ္တဆုတ်ခွာပေးခဲ့သည်။
Jul 17, 2026
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်မည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း
Jul 17, 2026
အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) သို့ လာရောက်မည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း
Jul 17, 2026
အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုမည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း
Jul 17, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယမန်နေ့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်းမြို့ရှိ ဒေသခံပြည်သူများ၏ နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။
Jul 17, 2026
ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
