May 17, 2026
အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပသည်။
May 17, 2026
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
May 17, 2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့၊ ရွာ၊ ရပ်ကွက်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် လမ်းများ၊ ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ဈေးများ၊ ပန်းခြံများနှင့် သောက်သုံးရေကန်များ သန့်ရှင်းသာယာလှပစေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
May 17, 2026
မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (ဗဟို) ၏ (၁၄) ကြိမ်မြောက် ဗဟိုဦးစီးအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Best Western Green Hill ဟိုတယ်၌ မေ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနန္ဒာဝင်းနှင့် အခြေခံကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာစန်းစန်းမြင့်အောင်တို့က အမှာစကားပြောကြားခဲ့ကြသည်။
May 17, 2026
တပ်မတော် (ရေ) က ၂၀၂၆ ခုနှစ် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူ ၈၀၀ တို့သည် ရန်ကုန်မြို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်၌ စခန်းပေါင်းစုံတွေ့ဆုံပွဲပြုလုပ်ကြသည်။
May 17, 2026
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာရှိ နန္ဒဝန်ကျောင်းတိုက်ဓမ္မာရုံ၌ အခြေပြု၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
May 17, 2026
အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၉) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၂၀ တွင် စုစုပေါင်းသင်တန်းသား ၁၀၄၄ ဦးဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်မှစတင်၍ သင်ကြားပို့ချလျက်ရှိသည်။
May 17, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံသည့် သံတမန်တွေ့ဆုံပွဲ (Diplomatic Coffee Morning) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
May 17, 2026
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ရွှေအားမာန်မြန်မာကုမ္ပဏီ လီမိတက်၏ ပဲ၊ နှမ်းသန့်စင်စက်ရုံ၌ ကုန်ကြမ်းလက်ခံသိုလှောင်ထားရှိမှု၊ သန့်စင်မှုနှင့် ထုတ်လုပ်မှုအဆင့်ဆင့်၊ ထုပ်ပိုးမှုနှင့်စက်ကိရိယာများ အသုံးပြုမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
May 17, 2026
တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည် ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဘက်စုံအဆင့်မြှင့်တင်ရေး လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
May 17, 2026
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ ငလျင်ဒဏ်သင့် ဆည်တော်နံ ရွှေမုဋ္ဌောစေတီတော်အား ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ထမ်းများ၊ ခုနစ်ရက်သားသမီးများ၏ စုပေါင်းလှူဒါန်းမှုတို့ဖြင့် ပြန်လည်ပြုပြင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
May 17, 2026
Bank of China ပညာတော်သင်ဆု စီမံကိန်း (၄) နှစ်ပြည့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Wyndham Grand Hotel ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Ms. Ma Jia၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
May 17, 2026
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းအိမ်ရာများအနက် ပြန်လည်ပြုပြင်ပြီးစီးသွားသော ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များတွင် အရာထမ်း၊ အမှုထမ်းများ ပြန်လည်နေထိုင်နေမှုအခြေအနေကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 17, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် မေ ၁၅ ရက်က တွေ့ဆုံခဲ့ရာတွင် “မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-based Industries)၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
May 17, 2026
ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ခဲ့ပြီးနောက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) အထိ သင်တန်းဆင်းခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြသည်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်သည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်ကို နားလည်ခံယူ ထားကြသူများဖြစ်သည်နှင့်အညီ ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ကြခြင်းကြောင့် ပြည်သူ့စစ်မှုထမ်းများထဲမှ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြုလက်မှတ်များရရှိခဲ့သူ ၁၁၅ ဦး အထိ ရှိပြီဖြစ်သည်ဟု သိရသည်။
May 16, 2026
တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးပိတ်ဆို့ထားသည့် မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခြေခံ အဆောက်အအုံတစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အထိဆက်သွယ်ထားသည့် မန္တလေး-မတ္တရာ-သပိတ်ကျင်း-တကောင်း-ထီးချိုင့်-ကသာ- အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းအား မေ ၆ ရက်တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါဒေသများတွင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏နေရပ်ဒေသများ၌ ပြန်လည်အခြေချနေထိုင်စဉ် စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေး၊ ကျောင်းဖွင့်ရာသီအမီ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ အချိန်မီရောက်ရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် အခြားသောလိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များ၊ စက်သုံးဆီများအား မော်တော်ယာဉ်များဖြင့် မန္တလေးမြို့မှမြစ်ကြီးနားမြို့သို့ ပို့ဆောင်ပေးခဲ့သည့်သတင်းအား မေ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
May 16, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအား ဆွေးနွေးပြောကြားသည်။
May 16, 2026
နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိကလမ်းမကြီးများဖြစ်ကြသည့် နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မာလာယုဇနလမ်း စသည့်လမ်း (၅) လမ်းအား အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သိင်္ဂီလမ်း၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။
May 16, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 16, 2026
နေပြည်တော်ကောင်စီဝင် ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် (၂၂၃/၀) နှင့် (၂၂၃/၆) အကြား လမ်းဘေးဝဲ/ယာရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး တူးဖော်ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မိုးရာသီမရောက်မီကာလအတွင်း အချိန်မီပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားသည်။
