Dec 18, 2025
ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ၏ (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
Dec 18, 2025
ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
Dec 18, 2025
(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ပြီးဆုံးခဲ့ပြီး မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် သုံးခု ဆွတ်ခူးရရှိခဲ့သည်။
Dec 18, 2025
ဆီးဂိမ်းမွေပြိုင်ပွဲ နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၇ ရက်က ဆက်လက်ကျင်းပရာ မြန်မာကစားသမားများ ကြေးတံဆိပ်ကိုးခု ဆွတ်ခူးရရှိခဲ့သည်။
Dec 18, 2025
ဆီးဂိမ်း အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ပထမနေ့ကို ဒီဇင်ဘာ ၁၇ ရက်က ကျင်းပရာ မြန်မာလှေလှော်အဖွဲ့ ကြေးတံဆိပ်တစ်ခု စတင်ဆွတ်ခူးရရှိသည်။
Dec 18, 2025
ဆီးဂိမ်း လက်ဝှေ့(Boxing)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဆက်လက်ကျင်းပရာ မြန်မာကစားသမားလေးဦး ဆီမီးဖိုင်နယ်တွင် အရေးနိမ့်ပြီး ပူးတွဲကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည်။
Dec 18, 2025
အင်အားပြင်း မန္တလေးငလျင် ကြီးဖြစ်စဉ်တွင် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရမှုများ အပေါ် သုံးသပ်ချက်၊ သင်ခန်းစာ ဖော်ထုတ်ချက်များအရ မီးသတ်ဦးစီးဌာနတွင် ဖွဲ့စည်းထားရှိသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (National Search and Rescue Team)ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အပြည်ပြည်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအကြံပေးအဖွဲ့ (International Search and Rescue Advisory Group–INSARAG)၏ အသိအမှတ်ပြု Medium Team အဖြစ် ဖွဲ့စည်းနိုင်ရေးအတွက် ကြိုတင်စုဖွဲ့ပြင်ဆင်လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်မှ လိုအပ်သော ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးယာဉ်/စက်ပစ္စည်း ကိရိယာများဝယ်ယူဖြည့်တင်းပေးခဲ့ပြီးဖြစ်သည်။
Dec 18, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Dec 18, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များရှိ သက်ဆိုင်ရာအားကစား ကွင်း၊ အားကစားရုံများ၌ ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်းအနေဖြင့် ပိုက်ကျော်ခြင်း၊ စကွက်ရ်၊ စက်ဘီး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ ကဘာဒီ၊ ခရစ်ကတ်၊ လက်ဝှေ့၊ ဘိလိယက်နှင့် စနူကာ၊ ဖူဆယ်၊ E-sports၊ အပြည်ပြည်ဆိုင်ရာလှေ၊ မြင်းစီး၊ နပန်းနှင့် ရွက်လှေပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့်၊ စစ်သံမှူးကြီး ဗိုလ်မှူးချုပ်ဝင်းသူလင်းနှင့် ဇနီး၊ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Dec 18, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထုရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားခရီး စဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ မန္တလေး-လားရှိုး လမ်းပိုင်းရှိ ဇီးပင်ကြီး-ပြင်ဦးလွင်-ဂုတ်ထိပ် လမ်းပိုင်းတွင် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသား ခရီးသွားလာသူများအား သမိုင်းဝင်ဂုတ်ထိပ် တံတားကြီးအား လေ့လာကြည့်ရှုနိုင်ရန်၊ လမ်းခရီးရှိရေမြေ တောတောင်သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန်၊ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ဇီးပင်ကြီး-ပြင်ဦးလွင် - ဇီးပင်ကြီးခရီးစဉ်အား ဘက်ထရီလျှပ်စစ်စက်ခေါင်း(BEL) အသုံး ပြုပြီး အမှတ်(၁၃၁)အဆန် ဇီးပင်ကြီး-ပြင်ဦးလွင်၊ အမှတ်(၁၃၂)အစုန် ပြင်ဦးလွင်- ဇီးပင်ကြီး ရထားခရီးစဉ်နှင့် RBE ရထားဖြင့် ဂုတ်ထိပ်(၁)ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်(၂) ဂုတ်ထိပ်-ပြင်ဦးလွင် ရထားခရီးစဉ်များကို ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ အပတ်စဉ်စနေ၊ တနင်္ဂနွေရက်များတွင် ပြေးဆွဲပေးမည် ဖြစ်သည်။
Dec 18, 2025
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူစစ်(ဌာနေ) တပ်ဖွဲ့ဝင်များကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။
Dec 18, 2025
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအပါအဝင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေသော လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများ၏ အမှတ်တံဆိပ်ကို ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ အသုံးပြုခြင်းဆိုင်ရာ ဦးစားပေးအခွင့်အရေးနှင့်အတူ မူပိုင်ခွင့်အကာအကွယ်ရယူလျှောက်ထားနိုင်ကြောင်း အမိန့်အမှတ် (၆၃/ ၂၀၂၀)ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
Dec 18, 2025
၁။ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက်စည်းမျဉ်းကို အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၂၄)ဖြင့် ၆-၈-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ်ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းအတွက် လိုအပ်သော လျှောက်လွှာပုံစံများသတ်မှတ်ခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၇၉/၂၀၂၄) ဖြင့် ၁၆-၁၀-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုအမျိုးအစားအလိုက်ပေးသွင်းရမည့် အခကြေးငွေသတ်မှတ်ခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၅) ဖြင့် ၂၈-၂-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းအား ၁၆-၇-၂၀၂၅ ရက်နေ့မှစတင်၍ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။
Dec 18, 2025
၁။ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်များနှင့် ဆက်နွှယ်သည့်အခွင့်အရေးပိုင်ရှင်များ၏ အခွင့်အရေး များကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေကို အမိန့်ကြော်ငြာစာ အမှတ် (၂၁၈/၂၀၂၃) ဖြင့် ၃၁-၁၀-၂၀၂၃ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ပြီးဖြစ်ပါသည်။ စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၃) ဖြင့် ၂၃-၁၀-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ မှတ်ပုံတင်လျှောက်ထားခြင်းအတွက် လိုအပ်သောလျှောက်လွှာပုံစံ (၁၃) မျိုးကို အမိန့်ကြော်ငြာစာအမှတ် (၇၃/၂၀၂၃) ဖြင့် ၂၀-၁၁-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်မှုအမျိုးအစားအလိုက် ပေးသွင်းရမည့်အခကြေးငွေများကို အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၄) ဖြင့် ၁၃-၂-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ စာပေနှင့် အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းများကို ၉-၂-၂၀၂၄ ရက်နေ့တွင် စတင်လက်ခံဆောင်ရွက်နေပြီဖြစ်ပါသည်။
Dec 18, 2025
၁။ မြန်မာနိုင်ငံ၏ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ထုတ်ကုန်ပစ္စည်းများ၏ အပြင် ပန်းပုံသဏ္ဌာန်ဒီဇိုင်းများနှင့် ယင်းတို့၏ အလှအပအဆင်တန်ဆာဒီဇိုင်းများကို ဥပဒေနှင့်အညီ အကာ အကွယ်ပေးနိုင်ရေးအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး စက်မှုဒီဇိုင်း မှတ်ပုံတင်လျှောက်ထားခြင်းများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် လက်ခံစစ်ဆေးဆောင်ရွက်ပေးလျက် ရှိပါသည်။
Dec 18, 2025
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၇) ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ တီထွင်မှုမူပိုင်ခွင့်ဥပဒေအား အာဏာသက်ဝင်နိုင်စေရန် လိုအပ်သော နည်းဥပဒေများ၊ မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များအတွက် လိုအပ်သောလျှောက်လွှာပုံစံများ၊ ဝန်ဆောင်မှုအမျိုးအစား အလိုက်ပေးသွင်းရမည့် အခကြေးငွေများအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ တီထွင်မှုမူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တီထွင်မှုမူပိုင်ခွင့်ဥပဒေအား ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် အာဏာသက်ဝင်နိုင်ခဲ့ပြီး တီထွင်မှုမူပိုင်ခွင့်နှင့် အသေးစားတီထွင်မှု မူပိုင်ခွင့် လျှောက်ထားချက်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှ စတင်၍ မူပိုင်ခွင့်ဦးစီး ဌာနမှ တရားဝင်လက်ခံ ဆောင်ရွက်လျက်ရှိပါသည်။
Dec 18, 2025
People Media Agency မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦးက ရှေ့တွင်လည်း မေးခွန်းက တော်တော်လေးစုံသွားပြီဖြစ်ကြောင်း၊ မိမိတို့ အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်ပြီး Centre များကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်အပါအဝင် စသည့်မြို့ကြီးများသို့ ရောက်မလာစေရန် နိုင်ငံတော်အနေဖြင့် မည်ကဲ့သို့စီမံထားပြီး မည်သို့ပြင်ဆင်ထားသည်ကိုသိလိုကြောင်း၊ ယင်းနေရာများတွင် ဖမ်းဆီးရမိခြင်းရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
Dec 18, 2025
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် G.B.S Agri-cultural Services Public Company Limited အစုရှယ်ယာများ စတင်ရောင်းဝယ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်စတော့အိတ်ချိန်း ပင်မခန်းမဆောင်၌ကျင်းပရာ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်စတော့အိတ်ချိန်းမန်နေဂျင်း ဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ G.B.S Agricultural Services Public Company Limited မှ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Dec 18, 2025
အကြိမ်(၂၀)မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ တောင်ကြီးဟိုတယ်၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည်။
