Jan 14, 2024
ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တကျဆောင်ရွက်နိုင်ရေး၊ ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သည့်လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရေးနှင့် ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုအား Online မှ မှတ်ပုံတင်ခြင်းစနစ် (Myanmar Rice Online - MyRo)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Jan 14, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အမျိုးသားဇာတ်ရုံ(ရန်ကုန်)သို့ရောက်ရှိပြီး အမျိုးသားဇာတ်ရုံ(ရန်ကုန်)အတွင်း ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရုံးပတ်ဝန်းကျင်နှင့် အိမ်ရာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာရေး၊ ဇာတ်ရုံအတွင်းအပြင် သန့်ရှင်းရေးနှင့် လေအေးပေးစက်များ တပ်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Jan 13, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၂ ရက်မှ ၁၃ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ နည်းပညာတက္ကသိုလ်(မအူပင်)နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Jan 13, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်ရှိ ဘုရားကျိန်းကျောင်းတွင် ခိုလှုံနေကြသော ယာယီတိုက်ပွဲရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။
Jan 13, 2024
ASEAN Framework Agreement on the Facilitation of Goods in Transit (AFAFGIT) ပါ Protocol-5 အရ အာဆီယံနယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှု အာမခံလက်ခံခြင်းနှင့် လျော်ကြေးပေးချေခြင်းများအား ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန်အတွက် ASEAN Compulsory Motor Insurance (ACMI) System မှတစ်ဆင့် Online Process ဖြင့် ဆောင်ရွက်မည့် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်အာမခံမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၌ ကျင်းပသည်။
Jan 13, 2024
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်ရှိ စီမံခန့်ခွဲမှုကော်မတီနှင့် ရင်းနှီးမြုပ်နှံသူများအား တွေ့ဆုံသည်။
Jan 13, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
Jan 13, 2024
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့၌ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စတုတ္ထနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။
Jan 13, 2024
ပြည်ပနိုင်ငံများ၌ ဖိုရမ်၊ ပြပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေးနှင့် လေ့လာရေးခရီးစဉ်များ သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 13, 2024
အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 13, 2024
ဟိုတယ်လုပ်ငန်းဆိုင်ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိကန်တော်ကြီးဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသင်တန်းကျောင်းတို့၌ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တက်ရောက်အမှာစကား ပြောကြားသည်။
Jan 12, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့ သာသနာ့ဗိမ္မာန်ရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားသည်။
Jan 12, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မော်လမြိုင်တက္ကသိုလ်သို့ရောက်ရှိပြီး စာသင်ခန်းများ၌ အေးချမ်းစွာပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။
Jan 12, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့သည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာတွင် မဲခေါင် - လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေမှ Green House စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဒေသထုတ်ကုန်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jan 12, 2024
ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များ တည်ထောင်ရေး အသိပညာမျှဝေခြင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ ကျင်းပသည်။
Jan 12, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ရောက်ရှိရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ခရိုင်အတွင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
Jan 12, 2024
အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) အား အကောင်အထည်ဖော်ဆောင်မည့် မဟာဗျူဟာအစီအစဉ်များရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃) ရပ်၏ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Jan 11, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်ကာ တန်ဖိုးမြင့်စားသောက်ကုန်များ ထုတ်လုပ်နေသော ဥယျာဉ်စုကျေးရွာအုပ်စု မြို့ကုန်းကျေးရွာရှိ စောနေလ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးသည်။
Jan 11, 2024
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့မွန်းလွဲပိုင်း တွင် ချောင်းသာမြို့သို့သွားရောက်၍ ချောင်းသာကမ်းခြေဒေသရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်ခရီးသွားလုပ်ငန်းရှင်များနှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်နေသူ များကို Azura Hotel ၌ တွေ့ဆုံသည်။
Jan 11, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် နှစ် (၆၀) ပြည့် အခမ်းအနားသို့ တက်ရောက်ကာ ကျောင်းသားကျောင်းသူများ၏ အထူးပြုဘာသာစကားအလိုက် ရိုးရာအစားအစာနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
