Skip to main content

Jan 11, 2024

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ သူနာပြုသင်တန်းကျောင်းသို့ ရောက်ရှိကာ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ (ယာပုံ)၊ ရှေးဟောင်းရေကန်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့၌ ကျင်းပသည့် (၇၆) နှစ်မြောက် ကချင်ပြည်နယ် နေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

ကချင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အနုပညာဂီတလုပ်ငန်းဖြင့် ပိုမိုထုတ်ဖော်ပြသနိုင်ရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့သည် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ကချင်အနုပညာရှင်များအသင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲ တွင် နေပြည်တော်ရှိ PARK ROYAL ဟိုတယ် နီလာခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2024

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ကျိုင်းတုံ)၌ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက်(၉)နာရီတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးမျိုးဆွေနှင့်အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Palm Spring Resort ၌ ယနေ့မွန်းလွဲ (၃) နာရီ တွင် ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကချင်ပြည်နယ် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ခရိုင်/မြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့မွန်းလွဲ ၃ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့၌ ကျင်းပသည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2024

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ညနေပိုင်းတွင် ငွေဆောင်ကမ်းခြေဒေသ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ သွားလာလည်ပတ်လေ့ရှိသည့် မြွေကျွန်းသို့ သွားရောက်ကာ ခရီးသွားဧည့်သည်များ အဆင်ပြေစွာ သွားလာလည်ပတ်နိုင်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ၂၃၀ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရုံးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် ယနေ့နံနက် ၁၀ နာရီတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု(၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသားရိုးရာအဖွဲ့များက အကအလှများဖြင့် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အလုံဆိပ်ကမ်းသို့ ရောက်ရှိပြီး MV. Yong Sheng 151 သင်္ဘောပေါ်သို့ Tun Myat Thu ကုမ္ပဏီလီမိတက် Hey Day Energy ကုမ္ပဏီလီမိတက်၊ Asia Empower ကုမ္ပဏီလီမိတက်၊ Myanmar Pulses Zone Co., Ltd. တို့က ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့မည့် ပြောင်းစေ့တန် ၁၁၅၀၀ တင်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ အစည်းအဝေးခန်းမ၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။   

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြောင်းမြခရိုင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကြပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် မြောင်းမြမြို့ရှိ ၆၆ ကေဗွီဓာတ်အားခွဲရုံ၏ လက်ရှိဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ပုသိမ်စက်မှုစီမံကိန်းရုံး၌ ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်