နေပြည်တော် ဇန်နဝါရီ ၁၂
ပြည်ပနိုင်ငံများ၌ ဖိုရမ်၊ ပြပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေးနှင့် လေ့လာရေးခရီးစဉ်များ သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အာဆီယံအလုပ်ရုံဆွေးနွေးပွဲတက်ရောက်
ပြည်ပအတွေ့အကြုံရှင်းလင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေမှူး ဦးတက်ထွန်းတိုးက ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပပြုလုပ်သည့် သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဆွေးနွေးပွဲနှင့် မီဒီယာကဏ္ဍ၌ ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းဆိုင်ရာ အကောင်းဆုံးအလေ့အကျင့်များနှင့် စပ်လျဉ်းသည့် အာဆီယံအလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့်အတွေ့အကြုံများကိုလည်းကောင်း၊ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဦးဝင်းထွဋ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပေါင်ရှန်မြို့၌ ရိုက်ကူးထုတ်လုပ်မည့် တရုတ် - မြန်မာ မီဒီယာအင်တာဗျူး ပူးပေါင်းရိုက်ကူးရေးအစီအစဉ်သို့ ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
အာဆီယံ - တရုတ် မီဒီယာဖိုရမ်တက်ရောက်
ထို့နောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Seminar on Beidou Satellite Navigation System Technology and Application for Myanmar သို့ ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံများကိုလည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိလ္လာစိုးက ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့တွင် ကျင်းပပြုလုပ်သည့် (၅၈) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးဆပ်ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံများကိုလည်းကောင်း သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ စာတည်းမှူးချုပ် ဦးဇော်နိုင်ဦးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangxi ပြည်နယ် နန်နင်းမြို့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် အာဆီယံ-တရုတ်မီဒီယာဖိုရမ် (2023 ASEAN-China Media Forum) သို့ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံများကိုလည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ လက်ထောက်အင်ဂျင်နီယာ ဦးသန်းနိုင်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ရုပ်သံဖွံ့ဖြိုးမှုနည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံများကိုလည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဦးအောင်အောင်ဦးက မလေးရှားနိုင်ငံ ကူချင်းမြို့တွင် ကျင်းပပြုလုပ်သည့် အာရှ - ပစိဖိတ် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ၏ သတင်းအဖွဲ့အစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ သတင်းဖိုရမ်တို့သို့ ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်