နေပြည်တော် ဇန်နဝါရီ ၁၀
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့မွန်းလွဲပိုင်း တွင် ချောင်းသာမြို့သို့သွားရောက်၍ ချောင်းသာကမ်းခြေဒေသရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်ခရီးသွားလုပ်ငန်းရှင်များနှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်နေသူ များကို Azura Hotel ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ချောင်းသာကမ်းခြေသည် အလွယ်တကူ သွားလာနိုင်သော ခရီးစဉ်ဒေသ တစ်ခုဖြစ်ကြောင်း၊ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကို ရက်ရှည်တည်းခိုနေထိုင်လည်ပတ်အောင် ဆွဲဆောင်နိုင်မည့် အစီအစဉ်များကို ဖော်ထုတ်နိုင်ရန်ဒေသခံများ၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ပြောကြား
ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်ကြသော ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကို ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေး၊ ကမ်းခြေဒေသကို သန့်ရှင်းသာယာလှပပြီး ရေရှည် တည်တံ့စေရေး၊ ပင်လယ်ရေအောက် သယံဇာတများနှင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်မှုမရှိစေရေးနှင့် ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ခရီးစဉ်ဒေသစီမံ ခန့်ခွဲရေးအဖွဲ့ (DMO)များနှင့် ခရီးသွားလုပ်ငန်းနယ်ပယ်အသီးသီးမှ အစိုးရ၊ ပုဂ္ဂလိက Stakeholders များ အားလုံးဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာန ဆိုင်ရာများ၊ ဟိုတယ်ခရီးသွားလုပ်ငန်းရှင်များနှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်နေကြသူများက ၎င်းတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း စဉ်များနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီး သည် Azura Hotel တွင် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (Hotels Guest List Management System - HGLMS) အသုံးပြုနေမှု အခြေအနေများ၊ ခရီးသည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေး၊ ကောင်းမွန်သည့် ဝန်ဆောင်မှု များပေးနိုင်ရေး၊ ဟိုတယ်အတွင်း /အပြင် သန့်ရှင်း သာယာလှပရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရေကူးကန်တည်ဆောက်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ချောင်းသာမြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာသို့ သွားရောက်ကာရိပ်သာတွင် အပန်းဖြေတည်းခိုနေသည့် နိုင်ငံတော်အတွက် ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ခဲ့သော တပ်မတော်အရာရှိ၊ စစ်သည်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အားပေးစကား ပြောကြားပြီး တစ်ဦးချင်းစီအား ထောက်ပံ့ကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်