Skip to main content

Jan 07, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ Bright Light Group Ltd ၏ ပဲသန့်စင်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း ပြည်တွင်းစားသုံးရန်နှင့် ပြည်ပသို့တင်ပို့ရန်အတွက် ပဲများသန့်စင်ကြိတ်ခွဲထုပ်ပိုးနေမှုနှင့် သန့်စင်ပြီး ပဲသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 07, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် စဉ်ဆက်ပညာရေးလုပ်ငန်း၏ စာသင်ဝိုင်းများကို သွား‌ရောက်ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 07, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် မိုးဆွေကျေးရွာအုပ်စု ပန်းတင်ကျေးရွာ ဝေဠုဝန်ကျောင်းတိုက်၌ ကျင်းပသည့် အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 07, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့သည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကြို့ပင်ကောက်မြို့ ပြည်သူ့ဆေးရုံ နှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 07, 2024

ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပပြီး ခရီးသွားဆွဲဆောင်ရာနေရာများသို့ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်လာရောက်လည်ပတ်ရေးအစီအစဉ်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များဖြင့်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 07, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ၆၆/၃၃/၁၁ ကေဗွီ ၃၀ အမ်ဗွီအေ ရမည်းသင်းဓာတ်အားခွဲရုံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 06, 2024

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် “မျှစ်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှု မြှင့်တင်ပေးနိုင်ရေးဆိုင်ရာစီမံကိန်း”၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် သိုလှောင်ထုပ်ပိုးခြင်း အလုပ်ရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၁၅) ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 06, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ ညနေ ၄ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 06, 2024

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 06, 2024

နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်တွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေး ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 04, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ဖွင့်လှစ်ပေးခဲ့သည့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 03, 2024

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှု ရရှိစေရေး၊ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ၊ ထုပ်ဆီးတိုး၊ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ များ၌ ဆက်လက်ကျင်းပရာ (၇၆) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဦးဇင်မင်းထက်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 03, 2024

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် လူမှုဖူလုံရေးအကျုံးဝင်ဝန်ကြီးဌာနဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လိုအပ်သောဆေးဝါးကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးမှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 02, 2024

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ (၅) ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် ဆေးတက္ကသိုလ်-တောင်ကြီး သင်ကြားရေး (၄) ထပ်စာသင်ဆောင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 02, 2024

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ (၅) ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် ဆေးတက္ကသိုလ်-တောင်ကြီး သင်ကြားရေး (၄) ထပ်စာသင်ဆောင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 02, 2024

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်း အကွက်အမှတ်(၂၁)ရှိ ၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော စီးပွားရေးပျဉ်းကတိုးစိုက်ခင်း ဧက ၃၅၀ ရှင်သန်အောင်မြင်မှု၊ သလပ်ခွာကြိုးဝိုင်း အကွက်အမှတ်(၂၂)ရှိ ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော စီးပွားရေးပျဉ်းကတိုးစိုက်ခင်း ဧက ၄၀၀ အောင်မြင်ဖြစ်ထွန်းနေမှု၊ သလပ်ခွာကြိုးဝိုင်း အကွက်အမှတ် ၃၀ ရှိ ၂၀၂၁ မိုးရာသီတွင်စိုက်ပျိုးခဲ့သော ၁/၂၀၂၁ စီးပွားရေး ပျဉ်းကတိုးစိုက်ခင်း ဧက ၃၅၀ အောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 02, 2024

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်နှင့် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတို့သို့ ရောက်ရှိပြီး စာကြည့်တိုက်ရှိ စာငှား၊ စာဖတ်၊ ရုံးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 02, 2024

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက် တတိယအကြိမ် စာအုပ်စာစောင်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 02, 2024

နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အရှေ့ဘက်အာရုံခံတန်ဆောင်း၌ ယနေ့ အလှည့်ကျဝတ်ရွတ်အသင်းဖြစ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝတ်ရွတ်အသင်းက ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်နေမှုကို ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်အဖွဲ့ လာရောက်ကြည်ညိုကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 02, 2024

နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အရှေ့ဘက်အာရုံခံတန်ဆောင်း၌ ယနေ့ အလှည့်ကျဝတ်ရွတ်အသင်းဖြစ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝတ်ရွတ်အသင်းက ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်နေမှုကို ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်အဖွဲ့ လာရောက်ကြည်ညိုကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်